ရွှေတောင် ဇူလိုင် ၁၅
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်အတွင်း ယမန်နေ့က အနံ့ပျောက်လူနာ (၃၀) ဦး အား ကျန်းမာရေးစစ်ဆေးခဲ့ရာ (၁၈) ဦးတွင် ကိုဗစ်-၁၉ရောဂါပိုး ထပ်မံစစ်ဆေးတွေ့ရှိခဲ့ ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ တာဝန်ရှိသူများထံမှ သိရသည်။
ကိုဗစ် -၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိအတည်ပြုလူနာများကို သက်ဆိုင်ရာ ပြည်သူ့ဆေးရုံများ တွင်ကျန်းမာရေး ကုသဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ထိစပ်များကိုလည်း သက်ဆိုင်ရာ Quarantine Center များတွင် အသွားအလာကန့်သတ်ထားရှိပြီး ကျန်းမာရေး စစ်ဆေးဆောင် ရွက်ပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ တာဝန်ရှိသူများထံမှ သိရသည်။
ကိုကိုမင်း