ငါးသယံဇာတ ရေရှည်တည်တံ့တိုးတက်စေရေး တွံတေး၌ ငါးမျိုးစိုက်ထည့်ပေး
Jul 16,2021
ငါးလုပ်ငန်းဦးစီးဌာန၊ တွံတေးငါးလုပ်ငန်းစခန်းမှ ငါးသယံဇာတ ရေရှည်တည်တံတိုးတက် စေရေး အတွက်ငါးမျိုးစိုက်ထည့်မည့် စီမံချက်တို့ဖြင့် ဆောင်ရွက်လျက်ရှိပြီး ငါးသယံဇာတများ ရေရှည် စဉ်ဆက်မပြတ် ထိန်းသိမ်းနိုင်ရေးနှင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း နှင့် ဝင်ငွေရရှိစေရန်၊ ငါးမျိုးကောင်းမျိုးသန့်များ ရေရှည်တည်တံ့ပြန့်ပွားစေရန်၊ ငါးရိက္ခာများ ရေရှည်စားသုံးနိုင်ရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနက တွံတေးမြို့နယ်၊ သဝန်းတောကျေးရွာအုပ်စုရှိ သဝန်းတောချောင်း သဘာဝရေပြင်သို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၉) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရ သည်။