သတင်းများ

ပင်လည်ဘူးမြို့၌ ကိုဗစ်-၁၉ ကာလ စားသောက်ရေးအခက်အခဲဖြစ်နေသော အိမ်ထောင်စု များသို့ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့
Jul 16,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့၌ ကျွန်တော်များကမ်းလက် အလှူရှင် များအဖွဲ့မှ ကိုဗစ်-၁၉ ကာလ စားသောက်ရေး အခက်အခဲများဖြစ်နေသော မြို့ပေါ် ရပ်ကွက်ရှိ အိမ်ထောင်စုများအား လတ်တလောစားသောက်ရေးများ အဆင်ပြေစေရန် အလှူရှင်များ ကိုယ်စား ဆန်နှင့်စားသောက်ကုန်ပစ္စည်းများ သွားရောက်ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
သထုံမြို့နယ်တွင် အသွားအလာကန့်သတ်ထားသည့် နေအိမ်များနှင့် အခက်အခဲဖြစ်သည့် နေအိမ်များသို့ အခြေခံစားသောက် ကုန်များ ထောက်ပံ့ပေး
Jul 16,2021
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း COVID-19 ရောဂါကြောင့်အသွားအလာကန့်သတ် ခံထား ရသည့် Strict Home Quarantine(SHQ) နေအိမ်များနှင့်ကျန်းမာရေး မကောင်း၍ အခက်အခဲ ဖြစ်‌နေသည့် နေအိမ်များကို မြို့နယ်ဆန်ကုန်သည်များအသင်းနှင့် ဆန်စက်လုပ်ငန်းရှင်များ ပူးပေါင်းကာ ယမန်နေ့ က အ‌ခြေခံစားသောက်ကုန်များ လိုက်လံ ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။
မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုး‌ တွေ့အတည်ပြုလူနာသစ်(၈၆) ဦး ထပ်မံတွေ့ရှိ
Jul 16,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည် ပြုလူနာသစ် (၈၆) ဦးကို ယမန်နေ့က ထပ်မံတွေ့ရှိကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
နမ့်စန်တွင် ကိုဗစ်-၁၉ ရောဂါပိုးအတည်ပြုလူနာ (၅)ဦး စစ်ဆေးတွေ့ရှိ
Jul 16,2021
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံတွင် ယမန်နေ့ နံနက်ပိုင်းမှညနေပိုင်းအထိ RDT Test kit စစ်ဆေးမှုအရ အမျိုးသမီး ၂ ဦး ၊ အမျိုးသား ၃ ဦး ၊ စုစုပေါင်း ၅ ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့နယ်၌Oxygen Plant အသစ်တစ်လုံးထပ်မံဝယ် ယူနိုင်ရေးဆွေးနွေးပွဲကျင်းပ
Jul 16,2021
ဧရာဝတီတိုင်းဒေသကြီး ၊ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကူးစက်မှုများပြားလာခြင်း ကြောင့်ဖျာပုံခရိုင်ပြည်သူ့ဆေးရုံကြီးအတွင်းOxygen Plan မှထွက်ရှိသော Oxygen လုံလောက်မှု မရှိခြင်းကြောင့်ဖျာပုံခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ခရိုင်/မြို့နယ်ကျန်းမာရေး ကော်မတီဝင် များ နှင့်မြို့လုပ်ငန်းရှင် များမှဦးဆောင်၍ Oxygen plant အသစ်တစ်လုံးထပ်မံ ဝယ်ယူနိုင်ရေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ဖျာပုံ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
ကျေးသီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ(၂)ဦးထပ်မံစစ်ဆေးတွေ့ရှိ
Jul 16,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့သည့် မိုင်းရှူးမြို့မှ Oxygen ပြတ်လပ်၍ ကျေးသီးမြို့နယ်ပြည်သူ့ဆေးရုံသို့ လာ ရောက် ဆေးကုသသူ ပိုးတွေ့လူနာနှင့်ထိတွေ့ခဲ့သူများ၊ ကျေးသီးမြို့နယ်တွင် ရောဂါပိုးတွေ့ရှိခဲ့သည့် အမျိုးသမီး ( ၂ )ဦးနှင့် ထိတွေ့ခဲ့သူများ၊ ရန်ကုန်မြို့တွင် မျက်စိခွဲစိတ်၍ ပြန်လည်ရောက်ရှိလာသူ များနှင့်ထိတွေ့ခဲ့သူများ ၊ Home Quarantine ဝင်ရောက်နေသူ ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်း ( ၄၆ )ဦးအား ဇူလိုင် ၁၅ ရက်နေ့က RDT စက်ဖြင့် စမ်းသပ်စစ်ဆေးရာ အဆိုပါ (၄၆ ) ဦး အနက် ( ၂ )ဦးထံ၌ ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့သူ အမျိုးသမီး ( ၂ )ဦး သည် ရန်ကုန်မြို့တွင် မျက်စိခွဲစိတ်၍ ပြန်လည်ရောက်ရှိလာသူနှင့် ထိတွေ့ခဲ့သူများဖြစ်ပြီး ၎င်း ( ၂ )ဦးတို့အား ကျေးသီးမြို့နယ်(၁၆ ) ကုတင်ဆံ့ တိုင်းရင်းဆေးရုံ သီးသန့်အဆောင်( Isolation Ward ) တွင် ထားရှိပြီး ဆေးကုသ လျက်ရှိ ကြောင်း အဆိုပါ ပိုးတွေ့လူနာနှင့်ဆက်စပ်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ ညွှန်ကြားချက်နှင့်အညီ Home Quarantine ထားရှိပြီး အသွားအလာ ကန့်သတ်ထားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မချမ်းဘောမြို့၌ သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှု အသိပညာပေး Talk Show ကျင်းပ
Jul 16,2021
ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေဆိုင်ရာအသိပညာပေး Talk Showကို ဇူယမန်နေ့ နံနက် (၁၁)နာရီအချိန်က ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ပိုး(၄) ထပ်မံတွေ့ရှိ
Jul 16,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ပြည်သူ့ဆေးရုံတွင် ယမန်နေ့ မွန်းလွဲ(၂)နာရီက၊ သံသယလူနာ(၂၅)ဦးအား RDT Test Kit ဖြင့်စစ်ဆေးရာ၊ အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၂)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပြီး၊ အသက်(၆၁)နှစ်အရွယ်အမျိုး သား(၁)ဦးမှာ ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးခဲ့ကြောင်းသိရသည်။