ဘုရားသုံးဆူ ဇူလိုင် ၁၆
ကရင်ပြည်နယ်၊ကော့ကရိတ်ခရိုင်၊ဘုရားသုံးဆူမြို့၊မြို့မစျေးအတွင်း၌ကိုဗစ်-19ကာကွယ်ထိန်းချုပ်နိုင်စေရန် ပိုးသတ်ဆေးဖြန်းနှင့် mask များ ဖြန့်ဝေခြင်းကို ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲ၂နာရီအချိန်တွင် ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဆောင်ရွက်မှုအား ဘုရားသုံးဆူမြို့Youth Volunteer အဖွဲ့မှလူငယ်များမှ စျေးအတွင်းသို့ပိုးသတ်ဆေးဖျန်းခြင်း မက်စ်များဝေငှခြင်း၊စသည့်ဆောင်ရွက်မှုများအားပြုလုပ်ဆောင်ရွက်ခဲ့ပြီး ကိုဗစ်အတည်ပြုလူနာများနှင့်ဆက်စပ်လူနာများအတွက် အမှတ်(၃)ရပ်ကွက်ရှိ ပြည်ထောင်စုခန်းမအား ကိုဗစ်စင်တာပြုလုပ်ရန်အတွက် ဘုရားသုံးဆူမြို့ကျန်းမာရေးတာဝန်ခံ ဒေါက်တာမင်းစအိုင်မွန်၏ စီစဉ်ညွှန်းကြားမှုဖြင့်ကုတင်များထားရန်၊ လူနာများအတွက်ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့်အညီ စနစ်တကျဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အောင်သူဟိန်း