မင်းလှမြို့မစျေး၊ စစ်ကွင်းစျေးနှင့် ယာယီပျံကျစျေးများအား ယာယီ (၁၅)ရက် ခေတ္တပိတ်ထား

မင်းလှ ဇူလိုင် ၁၆
 
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ကိုဗစ်-၁၉ ကူးစက် ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ စည်ပင်သာယာရေး အဖွဲ့မှ ကြီးကြပ်ဆောင်ရွက်လျက် ရှိသော မင်းလှမြို့မစျေး၊ စစ်ကွင်းစျေးနှင့် ယာယီပျံကျစျေးများအား ဇူလိုင်လ ၁၇ ရက်နေ့မှ ၃၁ရက်နေ့ အထိ ခေတ္တယာယီ(၁၅)ရက် ပိတ်ထားမည်ဖြစ် ကြောင်း သိရသည်။
 
အဆိုပါစျေးများ ယာယီ(၁၅)ရက် ပိတ်ထားသည့်ကာလအတွင်း ဈေးရောင်းချ သူများအနေဖြင့် မိုဘိုင်း စနစ်ဖြင့်သာ လှည့်လည်ရောင်းချရန်၊ မိုဘိုင်းစနစ်ဖြင့် ဈေးရောင်းချသူများ ရပ်ကွက်/ ကျေးရွာများအ တွင်းရှိ နေအိမ်များတွင် ဝင်ရောက်တည်းခိုခြင်း စကားပြောခြင်းများ မပြုလုပ်ရ၊ အိမ်ဆိုင်များအနေ ဖြင့် မရှိမဖြစ် အခြေခံလိုအပ်ချက်များဖြစ်သော စားသောက်ကုန်များ ရောင်းချသည့် ဈေးဆိုင်များသာ ဖွင့်လှစ်ရောင်းချရန်၊ အများပြည်သူဆိုင်ရာ လမ်းမလမ်းဘေးဝဲယာတွင် ဖြန့်ခင်း ရောင်းချခြင်းမပြုလုပ် ရန် စသည့်စည်ပင် သာယာရေးအဖွဲ့မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်ကို လိုက်နာကြရန်နှင့် လိုက်နာ ခြင်းမရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည် ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
 
ပေါက်စ မင်းလှ