ဒေသတွင်းအသားငါးကဏ္ဍဖူလုံစေရေး၊ မူးယစ်ဆေးဝါးပပျောက်ရေးအတွက် ဒေသဝက်ဖြန့်ဖြူးထောက်ပံ့ပေးအပ်ပွဲကျင်းပ
Jul 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၂၁ခုနှစ်၊ ဇူလိုင်လ ၁၄ရက် နံနက် ၁၀ နာရီ အချိန်တွင် ဒေသတွင်း အသားကဏ္ဍဖူလုံစေရေး၊တစ်ဖက်တစ်လမ်းမှအထောက်အကူဖြစ်စေရေးနှင့် မွေးမြူရေး လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ပိုမိုထိရောက်စေရန် အတွက် ဒေသဝက် ဖြန့်ဖြူးရေးထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပရာ အခမ်းအနားသို့ ခရိုင်၊မြို့နယ် ဌာနဆိုင်ရာ အဆင့် အကြီးအကဲနှင့် ဒေသခံဝက်မွေးမြူမည့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။