သထုံမြို့နယ်တွင် ကိုဗစ်-၁၉ Call Center ဖွင့်လှစ်

သထုံ    ဇူလိုင်    ၁၆

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင်  COVID-19 ရောဂါဆိုင်ရာ သတင်းအချက်အလက်များ ​မေးမြန်း စုံစမ်းနိုင်သည့် (Call Center)ကို ယမန်နေ့က စတင်ကာ သထုံခရိုင်မီးသတ်ဦးစီးဌာနရုံး၌ ဖွင့်လှစ် ထားရှိ‌ကြောင်း သိရသည်။

ပြည်သူလူထုအနေဖြင့် COVID-19 ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကိစ္စများ၊ ကျန်းမာရေး ဆိုင်ရာကိစ္စများ၊ အရေးပေါ်ကိစ္စရပ်များနှင့် အခြားသိလိုသည့်ကိစ္စရပ်များကို လွယ်လင့် တကူ စုံစမ်းသိရှိနိုင်ရန်ရည်ရွယ်ကာ Call Center ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်က ပြောသည်။

အဆိုပါ Call Center ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ စီစဉ်ဖွင့်လှစ်ခြင်းဖြစ်ပြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် အခြားဌာနဆိုင်ရာများ‌ ပေါင်းစပ်ဖွဲ့စည်း ထားကြောင်း သိရသည်။