ကျိုက်ဒုံမြို့တွင် ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ(၁)ဦးတွေ့ရှိ
Jul 16,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင် ယမန်နေ့ နေ့လည်၁၁နာရီက အမှတ်(၅)ရပ် ကွက်တွင် နေထိုင်သည့် အမျိုးသားတစ်ဦး ကိုယ်လက်ကိုက်ခဲဖျားနာခြင်း၊အနံ့မရရှိခြင်းတို့ကြောင့် ကျိုက်ဒုံမြို့ တိုက်နယ်ဆေးရုံ တွင်(RDT) Test Kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါပိုး (တွေ့ရှိ)ခဲ့ သဖြင့် တိုက်နယ်ဆေးရုံ သီးသန့်ဆောင်တွင် ထားရှိပြီး ဆေးဝါကုသမှုများ ပြုလုပ်ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။