တွံတေး ဇူလိုင် ၁၆
ငါးလုပ်ငန်းဦးစီးဌာန၊ တွံတေးငါးလုပ်ငန်းစခန်းမှ ငါးသယံဇာတ ရေရှည်တည်တံတိုးတက် စေရေး အတွက်ငါးမျိုးစိုက်ထည့်မည့် စီမံချက်တို့ဖြင့် ဆောင်ရွက်လျက်ရှိပြီး ငါးသယံဇာတများ ရေရှည် စဉ်ဆက်မပြတ် ထိန်းသိမ်းနိုင်ရေးနှင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း နှင့် ဝင်ငွေရရှိစေရန်၊ ငါးမျိုးကောင်းမျိုးသန့်များ ရေရှည်တည်တံ့ပြန့်ပွားစေရန်၊ ငါးရိက္ခာများ ရေရှည်စားသုံးနိုင်ရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနက တွံတေးမြို့နယ်၊ သဝန်းတောကျေးရွာအုပ်စုရှိ သဝန်းတောချောင်း သဘာဝရေပြင်သို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၉) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရ သည်။
အခမ်းအနားသို့တွံတေးမြို့နယ်၊မြို့နယ် ၊ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးတင် မောင်ထွဋ်နှင့် ဝန်ထမ်းများ၊ ငါးလုပ်ငန်း အတတ်သင် သိပ္ပံသင်တန်းကျောင်းမှ သင်တန်းကြီး ကြပ်ရေးမှူး ဦးဝင်းနိုင် တာဝန်ရှိသူများ၊ နှင့်ကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ခဲ့ကြပြီး (၂)လက်မအရွယ် ငါးမြစ်ချင်းငါးကောင်ရေ (၅၀၀၀၀၀) ကို ငါးသယံဇာတ မပြုန်းတီးရေး၊ ငါးရိက္ခာဖူလုံစေရေး၊ငါးစားသုံးမှုမြင့်မားလာစေရေးအတွက် ငါးမျိုးများစိုက်ထည့်ပေးခဲ့ပြီး ၂၀၂၁ ခုနှစ် မေလမှစတင်ကာရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြစ်၊ချောင်း၊ တူးမြောင်း၊ ရေလှောင်တမံ၊ ဆည်၊ အင်းနှင့်၊ သဘာဝရေပြင်များ သိုငါးမျိုးများ စိုက်ထည့်ပေးသွားမည် ဖြစ်ကြောင်းတာဝန်ရှိ သူ တစ်ဦးထံမှ သိရှိရသည်။
ငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်းစခန်း (၃)ခုဖြစ်သော လှော်ကားငါးလုပ်ငန်းစခန်း၊ လေးထောင့်ကန် ငါးလုပ်ငန်းစခန်း၊ တွံတေးငါးလုပ်ငန်းစခန်းတို့မှ မေလတွင်ငါးမျိုးသိန်း ( ၂၀) ၊ ဇွန်လတွင်ငါးမျိုး ( ၅၅.၅၀)သိန်း၊ဇူလိုင်လတွင်ငါးမျိုး ( ၆၀.၅၀)သိန်း၊သြဂုတ်လတွင်ငါးမျိုး ( ၉၀.၈၀) သိန်းနှင့်စက်တင်ဘာလတွင်ငါးမျိုး ( ၃၃.၂၀) သိန်း စုစုပေါင်းသိန်း ( ၂၆၀) ကိုရန်ကုန်တိုင်းဒေသကြီးအတွင်း ငါးမျိုးစိုက်ထည့်ရန် လျာထားကြောင်း သိရှိရသည်။