ဘုရားသုံးဆူမြို့တွင် ကိုဗစ် ၁၉ လူနာများထားရှိနိုင်ရေး Facility Quarantine Centre (FQC) ဆောင်ရွက်ထားရှိ

ဘုရားသုံးဆူ ဇူလိုင် ၁၆

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ကိုဗစ်-၁၉ အသိပညာပေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် အရှိန်အဟုန်မြှင့် ကြိုးစားဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ လူနာများ ထားရှိနိုင်ရေးအတွက် Facility Quarantine Centre (FQC) ကို ဘုရားသုံးဆူမြို့ ၊ ဘုရင့်နောင် ခန်းမတွင် စီစဥ်ဆောင်ရွက်ထားကြောင်း သိရသည်။

ဘုရားသုံးဆူမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း (၂၂) ဦး ရှိပြီး ဆေးရုံဆင်းလူနာ (၄)ဦး၊ သေဆုံးလူနာ (၁)ဦး ရှိကြောင်း သိရပြီး အဆိုပါ Facility quarantine centre အား ဘုရားသုံးဆူမြို့ Youth volunteer အဖွဲ့ လူမှုကယ်ဆယ်ရေးအသင်းတို့မှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဘုရားသုံးဆူ(ပြန်/ဆက်)