သတင်းများ

မိုင်းယောင်းတွင် နေအိမ်အသွားအလာ ကန့်သတ်စောင့်ကြည့်သူများကို RTD Test Kit ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိ
Jul 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် နေအိမ် အသွားအလာ ကန့်သတ် စောင့်ကြည့်သူ ၁၃ ဦးကို ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ RTD Test Kit ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိ Negative အဖြေထွက်ရှိကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မိုင်းတုံမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရန် Mask ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်
Jul 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ် ရေးအတွက် Mask ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၈)နာရီက မြို့လယ်တွင် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပင်းတယမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်
Jul 16,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ ယနေ့ နံနက် (၈) နာရီက မြို့လည်ရှိ သဘာဝပုန်းတလုတ်ရေကန်မြောက်ဘက် ၊ မိန်းလမ်းမကြီးပေါ်တွင် ဌာနဆိုင်ရာများ ပါဝင်သည့်ပူးပေါင်းသည့်အဖွဲ့မှ ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်ရေး နည်းလမ်းများ စနစ်တကျအသုံးပြု လိုက်နာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။
ထန်းတပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် မြို့အဝင်/အထွက် ဂိတ်များ၌ စစ်ဆေးမှုများပြုလုပ်
Jul 16,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး တို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမြင့် ဦးဆောင်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ နယ်မြေကျော် ခရီးသွားပြည်သူများအား ခရီးသွားလာခွင့်၊ ကျန်းမာရေးထောက်ခံစာပါ/မပါ စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့အဝင်အထွက်ဂိတ်များ၌ စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
သဲကုန်းမြို့နယ်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၂၈၃)ဦးအား ထောက်ပံ့ငွေပေးအပ်
Jul 16,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က အသက်(၈၅)နှစ် အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
နမ္မတူမြို့နယ် မြို့မဈေးနှင့် ယာယီပျံကျဈေး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပိုးသတ်ဆေးဖျန်းခြင်းဆောင်ရွက်
Jul 16,2021
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ပိုးသတ်ဆေးဖျန်းခြင်းကို ယမန်နေ့ ညနေ (၄)နာရီအချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့မဈေးနှင့် ယာယီပျံကျဈေးတို့၌ ဆောင်ရွက်ခဲ့သည်။
သာယာဝတီမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပိုးသတ်ဆေးများပက်ဖျန်း
Jul 16,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်အတွင်းရှိ ပရဟိတအဖွဲ့များမှ ယမန်နေ့ ညနေပိုင်းက ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တာလေမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်
Jul 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ရောဂါကူးစက်ပျံ့နှံ့လာခြင်းများမဖြစ်ပေါ်စေရေးအတွက် စစ်ဆေးရေး ဂိတ်များကို ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ မြို့အဝင်/အထွက်စစ်‌ ဆေးရေး ဂိတ်ကြီးများအပြင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင်လည်း ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ပြီး ဇူလိုင်လ ၁၅ ရက်မှစတင်၍ ရောဂါကာကွယ်ထိန်းချုပ်ရေး အတွက်ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများကို အရှိန်တိုးမြင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည် ။