သတင်းများ

မြောက်ဥက္ကလာပမြို့နယ်တွင် အောက်စီဂျင်အိုးများ ဝယ်ယူနိုင်ရန် အလှူငွေများလှူဒါန်း
Jul 16,2021
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့လာမှုကြောင့် ရောဂါ ကူးစက်ခံရသူလူနာများ အဓိကလိုအပ်လျက်ရှိသည့် အောက်ဆီဂျင်အိုးများကို ဝယ်ယူနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ် ရွှေပေါက်ကံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ အလှူရှင်များက ယမန်နေ့ နံနက်ပိုင်းက အလှူငွေ များ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ Quarantine Centre အဖြစ်ပြင်ဆင်ဆောင်ရွက်ရန် ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၊ မယ်ဆွမ်တောင်ရပ်ကွက်ရှိ မိုးလုံလေလုံအားကစားရုံအား Quarantine Centre အဖြစ်ပြင်ဆင်ဆောင်ရွက်ရန် ယနေ့နံနက်(၉)နာရီက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ပင်လောင်းမြို့အဝင်၌ ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်တားဆီးရေး လုပ်ငန်းအရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ
Jul 16,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့အဝင် ပင်လောင်း-ပျဉ်းမနား- လွိုင်ကော်လမ်းခွဲ ရင်းမှီးရပ်ကွက် စုပေါင်းစစ်ဆေးရေးဂိတ်တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု တားဆီးကာကွယ်ရေးလုပ်ငန်းကို နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ ဆက်စပ်ခဲ့သူ (၁၄)ဦးကို Swab ယူစစ်ဆေးရာ (၇)ဦး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ
Jul 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူများနှင့် ထိတွေ့ ဆက်စပ်ခဲ့သူများကို Swabယူ စစ်ဆေးရာ (၇)ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
ကာမိုင်းမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ
Jul 16,2021
ကချင်ပြည်နယ် မိုးညှင်းခရိုင် ကာမိုင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင် ဝန်ထမ်းများ စာဖတ်သည့်အလေ့အထရရှိစေရန်နှင့် လုပ်ငန်းခွင်အတွင်း ကျွမ်းကျင်မှုရှိစေရန် ရည်ရွယ်၍ ဝန်ထမ်းများအား စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀)နာရီခွဲက ကျင်းပခဲ့ကြောင်းသိရသည်။
ရခိုင်ပြည်နယ်၊စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အတွင်းရေးမှူးတို့မှ သံတွဲခရိုင် ဆေးရုံကြီးနှင့် ငပလီဆေးရုံတို့တွင် တက်ရောက် ကုသနေသော ကိုဗစ်-၁၉ အတည်ပြုလူနာများသို့ ကြက်ဥ ၊ Ovaltine နှင့်မု့န်ခြောက်များလှူဒါန်း
Jul 16,2021
ရခိုင်ပြည်နယ်၊စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးသန်းထွန်း နှင့် အတွင်းရေးမှူး ဦးစိုင်းသော်ဝင်း တို့သည် သံတွဲမြို့သို့ ယနေ့ နံနက် (၁၁)နာရီ(၁၀)မိနစ်အချိန်တွင်ရောက်ရှိခဲ့ပြီး သံတွဲခရိုင် ပြည်သူ့ ဆေးရုံကြီးတွင်တက်ရောက်ကုသနေသော လူနာများ၏ အခြေအနေ ၊ လိုအပ်ချက်များ ၊Oxygen Plant တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းမှာကြားခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးမြင့်နှင့် သံတွဲခရိုင်ဆရာဝန်ကြီး ဒေါက်တာ ရဲဝင်းထွန်း တို့မှ လိုအပ်ချက်များအား ပြန်လည် ဖြည့်စွက်တင်ပြသည်။
တံတားဦးမြို့နယ်၌ ကောင်းမွန်သောတိရစ္ဆာန်မွေးမြူရေးကျင့်စဉ်သင်တန်းဖွင့်လှစ်
Jul 16,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဌာနမှ ကောင်းမွန်သော တိရစ္ဆာန် မွေးမြူရေး ကျင့်စဉ်သင်တန်းကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့နယ် ပန်းယျ ကျေးရွာ ရတနာမဉ္ဇူဘုရား ဓမ္မာရုံ၌ ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။