ပင်းတယ ဇူလိုင် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ ယနေ့ နံနက် (၈) နာရီက မြို့လည်ရှိ သဘာဝပုန်းတလုတ်ရေကန်မြောက်ဘက် ၊ မိန်းလမ်းမကြီးပေါ်တွင် ဌာနဆိုင်ရာများ ပါဝင်သည့်ပူးပေါင်းသည့်အဖွဲ့မှ ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်ရေး နည်းလမ်းများ စနစ်တကျအသုံးပြု လိုက်နာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။
ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ထွက်ခွာပါက ပါးစပ်နှင့်နှာခေါင်းစည်း (mask) ကို စနစ်တကျ တပ်ဆင်ကြရန်၊ တစ်ဦးနှင့်တစ်ဦးတတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ကြရန်၊ လက်ကို စက္ကန့်(၂၀)ကြာ မကြာခဏ ဆေးကြောရန်၊ လူအများနှင့်ထိတွေ့ဆက်ဆံရပါက မျက်နှာ အကာ Face Shield ကို တွဲဖက်တပ်ဆင်ထားရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်ရန်၊ ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရူကျပ်ခြင်း၊ အားအင်ကုန်ခံခြင်း၊ ရုတ်တရက်အနံ့အရသာ ပျောက် ဆုံးခြင်း၊ သံသယလက္ခဏာများပေါ်ပေါက်လာပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်း ဆက်သွယ်၍ စောစီးစွာဆေးကုသမှု့ခံယူကြရန် အသိပေးတိုက်တွန်း ပြောကြားပေးခဲ့ ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပင်းတယမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် စာရေးဝန်ထမ်းများ၊ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့်ထိန်းချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။