သဲကုန်းမြို့နယ်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၂၈၃)ဦးအား ထောက်ပံ့ငွေပေးအပ်

သဲကုန်း ဇူလိုင် ၁၆
 
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က အသက်(၈၅)နှစ် အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
 
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးက အမှာစကားပြောကြားရာတွင် "ယခုအချိန် ကိုဗစ်-၁၉ ရောဂါပိုးသည် ကူးစက်မှုအလွန်မြန်နေသည့်အတွက် ကျန်းမာရေးကို အထူးဂရုစိုက်ရန် လိုအပ်ကြောင်း၊ အဘိုးအဘွားများအား ထောက်ပံ့ငွေပေးအပ်ရာ တွင် ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ပေးအပ်ရန်လိုအပ်ကြောင်း" စသည်ဖြင့် ပြောကြားခဲ့သည်။
 
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးမှ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား(၂၈၃)ဦးအား ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လ (၃)စာ အတွက် တစ်ဦးလျှင် ၃၀၀၀၀/-ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေ စုစုပေါင်း ၈၄၉၀၀၀၀/- ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ရာ တာဝန်ရှိသူများမှ လက်ခံရယူခဲ့ သည်။
 
အဆိုပါ ထောက်ပံ့ငွေများအား သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများမှ ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ လက်ဝယ်အရောက် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
 
နိုင်လင်း