သတင်းများ

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ ပြန်လည်ဖွင့်လှစ်ခွင့်ပြုချိန် မဟာဗောဓိဘုရားကြီးအား လာ ရောက်ဖူးမြော် လေ့လာလိုသူများအတွက် ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ကြိုတင် ပြင်ဆင်ထားရှိ
Jan 25,2021
ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဒေသ ပြန်လည်ဖွင့်လှစ်ခွင့်ပြုချိန် ပုဂံမြို့ဟောင်းရှိ မဟာဗောဓိဘုရားကြီးအား လာရောက်ဖူးမြော် လေ့လာသူများ လာရောက်ချိန်တွင် ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကြိုတင်စီစဉ်ဆောင်ရွက် ထားရှိမှုများကို မဟာဗောဓိဘုရားကြီး ဂေါပကအတွင်းရေးမှူး ဦးမြစိုးထံမှ သိရသည်။
ကလောမြို့နယ်အဝင် နန့်ပန်တက်ကျေးရွာ ကျန်းမာရေးစစ်ဆေးရေးဂိတ်၌ ယာဉ်မောင်း တစ်ဦးထံမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
Jan 25,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်အဝင် နန့်ပန်တက်ကျေးရွာ၊ မိုင်တိုင်အမှတ် (၅၃/၄) တွင် ကျန်းမာရေးစစ်ဆေးရေးဂိတ် ဖွင့်လှစ်၍ အခြားတိုင်းဒေသကြီး/ပြည်နယ်မှ ရှမ်း(တောင်)သို့ ဝင်ရောက်လာသည့် "အတက်ကား" ကုန်တင်ယာဉ်မောင်း/ယာဉ်နောက်လိုက်တို့အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိအား Test Kit ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်က ယာဉ်မောင်းတစ်ဦးထံမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိကြောင်း သိရသည်။
ပန်နန်းဒင်-တဟွန်းဒမ်း လမ်းပိုင်း(၆၃) မိုင် မြေသားလမ်းဖောက်လုပ်
Jan 25,2021
နယ်စပ်ရေးရာဝန်ကြီးဌာနသည် “နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ အမြန်ဖွံ့ဖြိုး တိုးတက်ရမည်” ဟူသော ဆောင်ပုဒ်နှင့်အညီ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ နယ်စပ်ဒေသ တိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် မြန်မာနိုင်ငံ၏ မြောက်ဘက်ဆုံးမြို့ဖြစ်သည့် ခါကာဘိုရာဇီဒေသပန်နန်းဒင်မြို့အတွင်း နယ်မြေ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာစေရေးအတွက် (ပန်နန်းဒင်-တဟွန်ဒမ်း) လမ်းပိုင်း(၆၃) မိုင် မြေသားလမ်းကိုဖောက်လုပ်လျက်ရှိကြောင်း သိရသည်။
ကော့ကရိတ်မြို့ ကျေးရွာများတွင် သွားလာရေး အဆင်ပြေစေရန် ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်
Jan 25,2021
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကြာအင်းကုန်းကျေးရွာ၊ ကမိုင်ကုန်းကျေးရွာနှင့် အံကောင်ကျေးရွာများတွင် ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း​ဆောင်ရွက်လုပ်ငန်းကို ယခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့မှစ၍ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် ကျေးရွာလူထုလုပ်အား ဖြင့် စတင်အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ကြ ကြောင်းသိရပါသည်။
မြိုင်ကြီးငူအထူးဒေသ(၂) ချမ်းသာမြိုင်ကျေးရွာ ကွန်ကရစ်လမ်းဖွင်ပွဲအခမ်းအနား
Jan 25,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် မြိုင်ကြီးငူအထူးဒေသ(၂)၊ ချမ်းသာမြိုင်ကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားအား ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။ လမ်းဖွင့်ပွဲ အခမ်းအနားတွင် ‌ရွာဦးဘုန်းတော်ကြီးမှ လမ်းဖွင့်ပွဲတရားဟောကြားပြီး ချမ်းသာမြိုင်ကျေးရွာ ရပ်ကွက်မှူး ဦးညွန့်အောင်နှင့် ချမ်းသာမြိုင်ကျေးရွာ၊ လူထုဗဟိုပြုစီမံကိန်း အုပ်စုစီမံကိန်းအထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဒေါ်နော်ဒါးမုတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ရပ်ကွက်တွင် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများ အသိပညာပေး ရှင်းလင်းပွဲ အခမ်းအနားကျင်းပ
Jan 25,2021
မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ရပ်ကွက်တွင် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများ အသိပညာပေး ရှင်းလင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ၂နာရီက သီရိမာလာအရှေ့ရပ်ကွက်၊ အကွက်(၁၈၉)ရှိ မြတ်စောညီနောင် ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
ရှမ်းရွာသစ်မြို့၌ မဲသမူးကျေးရွာအုပ်စု ထီးတပလူးထကျေးရွာတွင် RC(၁)ထပ် Steel Structure အမျိုးအစား ကျောင်းဆောင် သစ်တည်ဆောက်
Jan 25,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ၏ ပညာရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဂျပန်နိုင်ငံ ADRA အဖွဲ့၏ လှူဒါန်းမှုဖြင့် ဆောက်လုပ်ခဲ့သည့် RC(၁)ထပ် Steel Structure အမျိုးအစား ကျောင်းဆောင်သစ် တည်ဆောက်ခြင်းလုပ်ငန်းကို ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စု ထီးတပလူးထကျေးရွာတွင် ဇန်နဝါရီလ ပထမပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။