သတင်းများ

(COVID-19)ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး Faciality Quarantine နေရာများ ကြိုတင်ပြင်ဆင်ထားရှိမှုကွင်းဆင်းစစ်ဆေး
Jul 16,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ (COVID-19) ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေး ကော်မတီ ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ကော်မတီအဖွဲ့ဝင် တို့သည် ယနေ့ နံနက် ၁၀ နာရီ အချိန်က ခရိုင်အတွင်း Covid-19 ရောဂါ တတိယလှိုင်းဖြစ်ပွါးမှု ကာလတွင် positiveရောဂါပိုးတွေ့ရှိသူများနှင်ထိတွေ့ဆက်စပ်သူ များပြားလာပါက ကုသရေးလုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် လွိုင်လင်မြို့နှင့်ပင်လုံမြို့ရှိ နည်းပညာ တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့်ပင်လုံတက္ကသိုလ်များတွင် ထားရှိနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမူကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများကို လိုအပ်သည်များ ဖြည့်စွက် မှာကြားခဲ့ကြောင်းသိရသည်။
ဟိုင်းကြီးကျွန်း၌ ကိုဗစ်-၁၉ရောဂါပိုးရှိသူများ အနက် (၆) ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရ
Jul 16,2021
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ဟိုင်းကြီးကျွန်းမြို့တွင် ဇွန်လမှ စ၍ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ပိုးတွေ့သူများအနက် (၆) ဦးမှာ ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရရှိကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့၌ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Jul 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ရေကြည်မြို့နယ်၊ငါးသိုင်းချောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် ရောဂါကူးဆက်ပျံ့ပွားမှု မရှိစေရေးအတွက် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ
ရေကြည်မြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အလှူငွေ ပေးအပ်ပွဲကျင်းပ
Jul 16,2021
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီသို့ ကာကွယ်ရေးလုပ်ငန်းများတွင်အသုံးပြုရန် အလှူငွေပေးအပ်ပွဲအခမ်းအနားကိုယနေ့ နံနက် (၁၀) နာရီအချိန်ကစိမ်းလဲ့ရေကြည်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
မိုးနဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်နိုင် ရေးနှင့် သတင်းမှန်ပြန်ကြားနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jul 16,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရန်၊ ပြည်သူများမြို့နယ်တွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကို သတင်းမှန် သိရှိနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိတ္ထီလာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး လူမှုရေးအဖွဲ့များမှ နှာခေါင်းစည်း ၇၀၀၀ ခုကို လူစည်ကားရာနေရာများတွင် အခမဲ့ဖြန့်ဝေ
Jul 16,2021
မိတ္ထီလာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် လူမှုရေးအဖွဲ့များမှ နှာခေါင်းစည်း (၇၀၀၀)ခုကို ယနေ့ နံနက်က လူစည်ကားရာနေရာများတွင် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရ သည်။
ဝေါလေမြိုင်မြို့၌ အသိပညာပေးလက်ကမ်းစာစောင်(၃)မျိုး ဖြန့်ဝေခြင်းဆောင်ရွက်
Jul 16,2021
ကရင်ပြည်နယ်၊ မြဝတိခရိုင်၊ ဝေါလေမြိုင်မြို့တွင် ကျောင်းနေအရွယ်ကလေးများ ပညာသင်ကြား နိုင်ရေးလုပ်ငန်းများ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက် မှုလုပ်ငန်းများနှင့် ပတ်သက်၍ တပ်မတော်၏ ဆောင်ရွက်ချက်များကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်ရန်အတွက် လက်ကမ်းစာစောင်(၃)မျိုးကို ယနေ့နံနက်ပိုင်းက ရပ်ကွက်အတွင်း သွားရောက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့သည်။
မိုင်းဆတ်မြို့၌ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်နှင့် အမှတ်စာရင်းများထုတ်ယူရန် မြန်မာ့စာတိုက်တွင် လျှောက်ထားနိုင်
Jul 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ၂၀၂၀ပြည့်နှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင် လက်မှတ် နှင့် အမှတ်စာရင်းများထုတ်ယူလိုပါက မိုင်းဆတ်မြို့ စာတိုက်ရုံးမှတစ်ဆင့် လာရောက်လျှောက်ထား ထုတ်ယူနိုင်ကြောင်းသိရသည်။