ထန်းတပင် (ပဲခူး) ဇူလိုင် ၁၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး တို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမြင့် ဦးဆောင်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ နယ်မြေကျော် ခရီးသွားပြည်သူများအား ခရီးသွားလာခွင့်၊ ကျန်းမာရေးထောက်ခံစာပါ/မပါ စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့အဝင်အထွက်ဂိတ်များ၌ စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
ထို့သို့စစ်ဆေးဆောင်ရွက်ရာတွင် Stay Home သတ်မှတ်ထားသော တိုင်းဒေသကြီး၊ ပြည်နယ်များမှ နယ်မြေကျော်ဝင်ရောက်ခရီးသွား ပြည်သူများ ကို သက်ဆိုင်ရာ မြို့နယ်ရပ်ကွက်၊ ကျေးရွာအုပ်ချုပ် ရေးမှူး များ၏ ထောက်ခံစာများ ယူဆောင်လာကြရန် ထောက်ခံစာများ ယူဆောင်လာခြင်းမရှိ ပါက သွားလာခွင့်ပြုမည် မဟုတ်ပါ၊ ယခုအချိန်အခါသည် ရောဂါပိုး ကူးစက်မှု မြင့်တက်နေသည့်အတွက် ခရီးသွားပြည်သူများမှလည်း ခိုင်လုံသော အကြောင်းအရာများရှိမှ အပြင်သို့ ခရီးသွားလာကြရန် သတ်မှတ်ထားသော စည်းကမ်းချက်များကို အထူးလေးစားလိုက်နာ နေထိုင်သွားလာကြရန် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကိုဗစ်- ၁၉ ရောဂါနှင့် ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်များကို အသိပေးမှာကြားကာ စစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။