နမ္မတူမြို့နယ် မြို့မဈေးနှင့် ယာယီပျံကျဈေး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပိုးသတ်ဆေးဖျန်းခြင်းဆောင်ရွက်

နမ္မတူ ဇူလိုင် ၁၆

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ပိုးသတ်ဆေးဖျန်းခြင်းကို ယမန်နေ့ ညနေ (၄)နာရီအချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့မဈေးနှင့် ယာယီပျံကျဈေးတို့၌ ဆောင်ရွက်ခဲ့သည်။

ထို့သို့ ဆောင်ရွက်ရာတွင် နမ္မတူမြို့နယ်နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများ၊ မြို့နယ် စည်ပင် သာယာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ ပူးပေါင်း၍ နမ္မတူမြို့နယ် မြို့မဈေးနှင့် ယာယီပျံကျဈေးအတွင်းတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပိုးသတ်ဆေးဖျန်းပက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လူမော်