သာယာဝတီ ဇူလိုင် ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးအတွက် မြို့နယ်အတွင်းရှိ ပရဟိတအဖွဲ့များမှ ယမန်နေ့ ညနေပိုင်းက ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို သာယာဝတီမြို့မစျေး၊ ပျံကျစျေး၊ သုံးဆယ်မြို့မစျေးနှင့် မြို့ပေါ် ရပ်ကွက်များတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယခုကာလအတွင်း ပုံမှန်ဆောင်ရွက်လျက်ရှိသည်။
အလားတူ သာယာဝတီမြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း ဆက်လက်ပြီး ဆေးဖျန်းခြင်းလုပ်ငန်း များဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်တင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။
သန့်ဇော်