ခမောက်ကြီးမြို့နှင့်ဒေသအနီးတစ်ဝိုက်တွင် ကော်ဖီပင်များ စမ်းသပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်း

ခမောက်ကြီး  ဇန်နဝါရီ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နှင့်ဒေသအနီးတစ်ဝိုက်တွင်ကော်ဖီပင်များစမ်းသပ်စိုက်ပျိုးရာ ဖြစ်ထွန်းအောင်မြင်နေကြောင်း သိရသည်။ ခမောက်ကြီးမြို့ရှိ ဥယျာဉ်ခြံလုပ်ကိုင်နေသူများနှင့် တောင်ယာလုပ်ကိုင်နေသူများသည်      ၎င်းတို့ပိုင် ဥယျာဉ်ခြံအတွင်းရှိ  တောင်ကုန်းများပေါ်တွင် ရော်ဘာ၊ ကွမ်း၊ ငှက်ပျောအစရှိသည့်     အပင်များအကြားတွင်စိုက်ပျိူးထားကြပြီး ကော်ဖီစိုက်ဝါသနာပါသူများအနေဖြင့်      မိမိတို့ဒေသတွင်အောင်မြင်ဖြစ်ထွန်းမှုရှိ၊ မရှိကို စမ်းသပ်စိုက်ပျိုးကြခြင်းဖြစ်ကြောင်း အမှတ်(၄)ရပ်ကွက်၊ ရှမ်း(၆)ရွာ နယ်စပ်ပတ်လမ်းရှိ ကော်ဖီစိုက်တောင်သူ  ဦးခင်ဇော်ဝင်း(ခ)ဦးအောင်ပိုင်စိုး   ကပြောကြားသည်။

ခမောက်ကြီးမြို့(၃၅)မိုင်၊ စက်မှု(၁)အနောက်ပိုင်းရှိ ဥယျာဉ်အတွင်း၌    ရော်ဘာ၊ ကွမ်း၊ ဒူးရင်း၊ ငှက်ပျော အစရှိသည့် အပင်များနှင့်အတူ ၂၀၁၅ ခုနှစ်မှစ၍   ကော်ဖီပင်(၂၀၀၀)အားစမ်းသပ်စိုက်ပျိုးရာ ၂၀၁၇ ခုနှစ်တွင် (၆၅)ကီလို ၊၂၀၁၈ခုနှစ်တွင် (၁၃၅)ကီလို၊၂၀၁၉ခုနှစ်တွင်(၄၃၀)ကီလိုအထိ ထွက်ရှိခဲ့ပြီး၊ ၂၀၂၀ခုနှစ်တွင်နေပူပြင်း၍အသီးထွက်အားနည်းကြောင်း၊ ဈေးကွက်ဝယ်လိုအားနည်းသော်လည်း ရော်ဘာစိုက်ပျိုးခြင်းထက် ငွေအမြန်ပေါ်ကြောင်း ကော်ဖီစိုက်တောင်သူ ဖထီး(ခ)ဦးလွန်းခင်ထံမှ သိရပါသည်။

နန့်လေးလေး(ခမောက်ကြီး ပြန်/ဆက်)