မိုင်းလုံ ဇန်နဝါရီ ၂၃
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ မြို့မဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်များအား ကျန်းမာရေး လမ်းညွှန်ချက်နှင့်အညီ ရောင်းဝယ်မှု ရှိ/ မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၆ နာရီခွဲခန့်က ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးအေးမင်းထွန်း ဦးဆောင်၍ စည်ပင်သာယာရေးဌာနမှ တာဝန်ခံ ဦးကျော်ကျော်ကိုနှင့် တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များပူးပေါင်း၍ ဈေးရောင်း ဈေးဝယ်များအား နှာခေါင်းစည်းတပ်ဆင်ပြီးမှ ဈေးသို့ဝင်ရန်၊ ဈေးရောင်းသူများ လက်သန့်ဆေးရေများထားရှိရန်၊ (၆)ပေအကွာမှ အရောင်းအဝယ်ပြုလုပ်ရန် စသည့်ကျန်းမာရေး လမ်းညွှန်ချက်များကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခုလို တာဝန်ရှိသူများက ဈေးအတွင်း ကျန်းမာရေးစစ်ဆေးပေးခြင်းသည် ဈေးရောင်း၊ ဈေးဝယ်များနှင့် မိုင်းလုံမြို့ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ အန္တရာယ်မှ ကာကွယ် ပေးနိုင်တဲ့ အတွက် ကျေးဇူးတင်ကြောင်းကို ဈေးဝယ်သူတစ်ဦးထံမှ သိရှိရသည်။
ဇော်ဇော်(ပြန်/ဆက်)