လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ရပ်ရွာအခြေပြုစက်ချုပ်နှင့်မုန့်လုပ်ငန်း သင်တန်းဖွင့်လှစ်

ပုသိမ် ဇန်နဝါရီ 

ရပ်ရွာအခြေပြုစက်ချုပ်နှင့်မုန့်လုပ်သင်တန်းကို ပုသိမ်မြို့အမှတ် ၈ နယ်မြေ အလယ်ကုန်းရပ်တွင် လူမှုဝန်ထမ်း ဦးစီးဌာန၊ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ ဒေသထွက်ပစ္စည်းများဖြင့် မုန့်မျိုးစုံပြုလုပ်ခြင်းအမျိုးသမီးဝတ်အင်္ကျီနှင့် အဝတ်အထည်ရက်လုပ်ခြင်းများကို ကျေးရွာနေ ဝါသနာပါသူ အမျိုးသား/ အမျိုးသမီးငယ် များကို သင်တန်းဖွင့်လှစ်သင်ကြားခြင်းကို  ယမန်နေ့ နံနက် ၁၀ နာရီတွင် အလယ်ကုန်းရပ်ရှိ ပြည်လုံးချမ်းသာစေတီ တော်မြတ်ကြီးအတွင်းရှိဘုရားတန်ဆောင်းတော်ကြီးအတွင်ပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းသို့ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန တိုင်းဦးစီးမှုးဒေါ်နော်သာဝါးမှ တက်ရောက်အမှာစကား ပြောကြားသည်။ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ ရပ်ရွာအခြေပြုသင်တန်းများကို ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း အကြိမ်ပေါင်း ၂၀ ဖွင့်လှစ်ဆောင်ရွက်ခြင်းများပြုလုပ်ခဲ့ပြီး ယခုဖွင့်လှစ်သည့် သင်တန်းတွင် ဒေသထွက်စားသုံးသီးနှံများဖြင့် မုန့်မျိုးစုံပြုလုပ်ခြင်း၊ အမျိုးသမီးဝတ်အဝတ်အထည်များချုပ်လုပ်ခြင်း များကို သင်ကြားပို့ချပေးသွားမည်ဖြစ်ရာ သင်တန်းသားသင်တန်းသူများအနေဖြင့် အခမဲ့သင်ကြားပို့ချမှုကို ပြီးဆုံး သည့်တိုင်အောင် တက်ရောက်သင်ကြားကြစေလိုကြောင်းပြောကြားသည်။သင်တန်းကို ယမန်နေ့ ၂၂.၁.၂၀၂၁ရက်နေ့မှစတင်၍ လူမှုဝန်ထမ်းဦးစီးဌာနအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးဒေါ်တင်လဲ့လဲ့ထွန်းနှင့် ဝန်ထမ်းများက သင်ကြားပို့ချပေးမည် ဖြစ်ကြောင်းသိရသည်။ သင်တန်းကာလမှာမုန့်လုပ်သင်တန်းကို ၅ ရက်ကြာသင်ကြားပြသပေးမည်ဖြစ်ပြီး စက်ချုပ်သင်တန်းကို ၂၂.၁.၂၀၂၁ မှ ၁၁.၂.၂၀၂၁ ရက်နေ့အထိသင်တန်းဖွင့်လှစ်သင်ကြားသွားမည်ဖြစ်သည်။ စက်ချုပ်သင်တန်းတွင်သင်တန်းသားသင်တန်းသူ ၂၀ ဦးနှင့် ဒေသထွက်စားသုံးသီးနှံများဖြင့်ပြုလုပ်သည့် မုန့်လုပ်သင်တန်းတွင် သင်တန်းသား/သူစုစုပေါင်း ၃၉ ဦးတက်ရောက်သင်ကြားကြမည်ဖြစ်ကြောင်းသိရသည်။

မြင့်ဟန် (ပုသိမ်ခရိုင်ပြန်ဆက်)