မြောက်ဥက္ကလာပ ဇန်နဝါရီ ၂၂
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် (ဆ)ရပ်ကွက် ခေမာသီ(၃)လမ်း တိုက်အမှတ် ၉၄၊ ဒုတိယထပ် အခန်းအမှတ် (2-H)တိုက်ခန်းအတွင်းတွင် တပ်ဆင်ထားသော ဝါယာကြိုးများမှ ဝါယာရှော့ဖြစ်ပြီး ယနေ့ညနေ ၅နာရီ ၂၅မိနစ်အချိန်တွင် မီးလောင်ကျွမ်းကြောင်း သိရှိရသည်။
အဆိုပါ မီးလောင်ရာသို့ မြောက်ဥက္ကလာပမြို့နယ် မီးသတ်ဦးစီးမှူး ဦးပြည့်စုံ ဦးစီးတပ်ဖွဲ့ဝင် (၅၀)ဦးမှ မီးသတ်ယာဉ် (၁၀)စီးဖြင့် ငြှိမ်းသတ်မှုကြောင့် ညနေ ၅ နာရီ ၃၂မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ညနေ၅ နာရီ ၃၈မိနစ်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်ရာသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်လျှပ်စစ်နှင့် လူမှုရေးအသင်းအဖွဲ့များ အချိန်မီရောက်ရှိ၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပြီးအဆိုပါမီးလောင်မှုနှင့် ပတ်သက်၍ မြောက်ဥက္ကလာပ ရဲစခန်းက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)