မော်လမြိုင်မြို့ အစိုးရနည်းပညာအထက်တန်းကျောင်း သုံးထပ်စာသင်ဆောင် အဆောက်အဦသစ် တည်ဆောက်ရေး ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကျင်းပ

မော်လမြိုင်     ဇန်နဝါရီ  ၂၃

မွန်ပြည်နယ် မော်လမြိုင်မြို့ အစိုးရနည်းပညာအထက်တန်းကျောင်း သုံးထပ်စာသင်ဆောင် အဆောက်အဦသစ် တည်ဆောက်ရေး ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မော်လမြိုင်မြို့ ကြာအင်းကျေးရွာရှိ အဆိုပါကျောင်းတွင် ကျင်းပသည်။

ပန္နက်တော်တင်မင်္ဂလာအခမ်းအနားတွင် မော်လမြိုင်မြို့ အစိုးရနည်းပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါက်တာရီရီမွန်၊ Kinetic Arts Co.,Ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးပြည့်ဖြိုးလွင်နှင့် တာဝန်ရှိသူများတို့က ပန္နက်တိုင်တော်ကိုစိုက်ထူကြပြီး ပန္နက်တိုင်တော်အား အမွှေးနံသာရည်များဖြင့် ပက်ဖျန်းကြသည်။

အဆိုပါ အစိုးရနည်းပညာအထက်တန်းကျောင်း သုံးထပ်စာသင်ဆောင် သံကွန်ကူကရစ်( ၁၉၂ ပေ x ၃၈ ပေ) အဆောက်အဦသစ်ကို ပြည်ထောင်စုဘတ်ဂျက် ငွေကျပ်သန်းပေါင်း(၆၄၆.၉၃၂)သန်းဖြင့် Kinetic Arts Co.,Ltd မှတာဝန်ယူဆောက်လုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)