အောင်မြေသာစံမြို့နယ်တွင် သီလရှင်အပါး(၃၀၀) အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူ

မန္တလေး ဇန်နဝါရီ ၂၃

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် သီလရှင်အပါး(၃၀၀)အား ဆွမ်းဆန်တော်နှင့် လှူဖွယ် ပစ္စည်းများ လောင်းလှူခြင်းကို ယမန်နေ့ညနေ ၃ နာရီက ဥပုသ်တော်ရပ်ကွက်ရှိ ဘီလူးထမ်းတောင်ပေါ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွမ်းဆန်တော်လောင်းလှူရာတွင် အလှူရှင် စတီဗင်ကိုဇော်ကြီး၏ ဦးဆောင်မှုဖြင့် GLUCO RUSHD ခွန်အားဖြည့်အချိုရည်မှ ဝန်ထမ်းများ၊ စေတနာရှင်အလှူရှင်များက စုပေါင်း၍ သီလရှင်တစ်ပါးလျင် ဆွမ်းဆန်(၂) ပြည်၊ ကြက်ဥ(၁၀)လုံး၊ CLASOME ကယ်လစီယမ်(၁)ပါကင်၊ ဝတ္ထုငွေ တစ်ထောင်ကျပ်နှုန်းဖြင့် သီလရှင်အပါး(၃၀၀)အား လောင်းလှူခဲ့ကြခြင်း ဖြစ်ကြောင်းသိရသည်။

ဇော်လင်းဦး(အောင်စံ)