လွိုင်ကော် ဇန်နဝါရီ ၂၃
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် လူမှုရေးပင်စင် ထောက်ပံ့ကြေးခံစားနေရသည့် ဘိုး/ဘွားများအား လူမှုရေးပင်စင်ပုံမှန် ကျပ်သုံးသောင်း ထောက်ပံ့ပေး အပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က လွိုင်ကော်မြို့နောင်ယား(က) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ငွေပေးအပ်ရာတွင် လွိုင်ကော်ခရိုင် လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါ်တင်မာဝင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိန်လင်းနှင့် တာဝန်ရှိသူတို့က အသက်(၈၅)နှစ်နှင့် အထက် ဘိုး/ဘွားများအား ထောက်ပံ့ငွေ ကျပ်သုံးသောင်းကို အုပ်ချုပ်ရေးမှူးရုံးနှင့် နေအိမ်များသို့ သွားရောက်ပေးအပ်ခဲ့ကြောင်း၊ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတော မြို့နယ်များတွင်လည်း သွားရောက် ထောက်ပံ့ပေးကြောင်း သိရသည်။
လွိုင်ကော်ခရိုင်အတွင်းရှိ မြို့နယ် (၄) မြို့နယ်တွင် အဘိုး(၃၀၄)ဦးနှင့် အဘွား(၄၇၅)ဦး စုစုပေါင်း ဘိုး/ဘွား (၇၇၉) ဦးအတွက် ထောက်ပံ့မည့်ငွေမှာ (၂၃,၃၇၀,၀၀၀)ကျပ် ဖြစ်ပြီး အသက်(၁၀၀)နှစ်နှင့်အထက် ဘိုး/ဘွား(၃၁) ဦးအတွက် ထောက်ပံ့ပေးမည့်ငွေမှာ (၉၃၀,၀၀၀) ကျပ် ဖြစ်ကြောင်း သတင်းရရှိသည်။
အောင်ထွန်းလေး (ပြန်/ဆက်)