ရွှေကျင် ဇန်နဝါရီ ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ် စည်ပင်သာယာမြို့မစျေးနှင့်မြို့မ ဘောလုံးအားကစားကွင်းသို့ ယာယီပြောင်းရွေ့ ဖွင့်လှစ်ထားသောဈေးများအတွင်း ရောင်းချနေသော စားသုံးဆီအမျိုးမျိုးတွင် ကုန်ညွှန်းအမှတ်အသား ပြည့်စုံပါဝင်ခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ စားသုံးသူ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် စျေးကွက်အတွင်း ရောင်းချနေသော စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့်ဖြစ်စေ မြန်မာဘာသာ/ အခြားဘာသာ တစ်ခုထက်ပို၍ဖြစ်စေ ဖော်ပြထားခြင်း ရှိ/မရှိနှင့် ကုန်ညွှန်း အမှတ်အသားများဖြစ်သော ထုတ်လုပ်သည့်ရက်စွဲ၊ ကုန်ဆုံးရက်စွဲ၊ FDA ထောက်ခံချက်အမှတ်အသားနှင့် ဆက်သွယ်ရန် လိပ်စာအပြည့်အစုံ ပါရှိခြင်း ရှိ/မရှိကို ကွင်းဆင်းစစ်ဆေး၍ ကျန်းမာရေး အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)