မတ္တရာ ဇန်နဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ကလေးသူငယ်အခွင့် အရေးဆိုင်ရာ ကော်မတီ၏ မိဘရင်းသဖွယ်ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ စိစစ်ကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြင်ဦးလွင်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မိဘရင်းသဖွယ် ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ လူမှုဝန်ထမ်း ဦးစီးဌာန လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲသူ ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုးနှင့် CFN ကလေးသူငယ်ဖွံ့ဖြိုးရေးအသင်း မြို့နယ်တာဝန်ခံတို့မှ မိဘရင်းသဖွယ် ပြုစု စောင့်ရှောက်ရန် လျှောက်ထားသူ(၉)ဦး၏ အကြောင်းအရာများကို တင်ပြခဲ့ပြီး တက်ရောက်လာသူများမှ တွေ့ရှိချက်များအပေါ် အထွေထွေဆွေးနွေးတင်ပြခဲ့ကာ လျှောက်ထားသူ ၉ ဦးအား ရွေးချယ်အတည်ပြုခဲ့ကြသည်။
ထို့နောက် မိဘရင်းသဖွယ် ပြုစုစောင့်ရှောက်ထားသော ကလေးငယ်၏ အခြေအနေများကို ဆွေးနွေးခြင်းနှင့် အကြံပြုခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ မိဘရင်းသဖွယ်ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ စိစစ်ကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ခရိုင်လူမှုဝန်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မတ္တရာမြို့နယ်မှ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဝင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့ပေါ် ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)