လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ လမ်းကွန်းကရစ်ခင်းရန်အတွက် လမ်းနယ်နိမိတ် စိုက်ထူခြင်း ဆောင်ရွက်

လှိုင်သာယာ(အနောက်ပိုင်း)  ဇန်နဝါရီ  ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ၂၀၂၀၂၀၂၁ ဘဏ္ဍာနှစ်  အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက မြေတိုင်း (၂၂) အလယ်ရွာလေးရှိ၊ လမ်းပေါ်တွင် ရေဝပ်လျက်ရှိသော  ပိတောက်()လမ်းအား ကွန်ကရစ် လမ်းခင်း ဆောင်ရွက်ရန်အတွက် လမ်းနယ်နိမိတ်စိုက်ထူခြင်းကို လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အဆင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့သည်။

ကွင်းဆင်းကြည့်ရှု့ရာတွင် မြေတိုင်း (၂၂) အလယ်ရွာလေးရှိ ၊ပိတောက်()လမ်းအား မြေသားလမ်းမှ ကွန်ကရစ်လမ်းခင်းဆောင်ရွက်ရန်အတွက် လမ်းနယ်နိမိတ်စိုက်ထူခြင်းနှင့် လမ်းနယ် နိမိတ်အတွင်း မလွတ်ကင်းသည့် နေရာများကို ရှင်းလင်းခြင်းများဆောင်ရွက်ခဲ့သည်။

အဆိုပါ လမ်းနယ်နိမိတ်စိုက်ထူရာသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးဗိုလ်၊ အမှတ်() တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးစိုးသိန်းအောင်၊ လမ်း/တံတားမှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကွင်း ဆင်းကြည့်ရှု့ပြီး လမ်းများပေါ်တွင် ရေဝပ်မှုများမဖြစ်ပေါ်စေရန်နှင့် အများပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင်သွားလာရေးအဆင်ပြေစေရန်အတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)