အိမ်မဲမြို့နယ်၌ ကိုဗစ်(၁၉)ကာကွယ်ဆေးလုပ်ငန်းတွင် အသုံးပြုရန်လူဦးရေစာရင်း ကောက်ယူခြင်း အတွက်ဆွေးနွေးပွဲကျင်းပ

အိမ်မဲ  ဇန်နဝါရီ  ၂၆

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်၌ ကိုဗစ်(၁၉)ကာကွယ်ဆေး လုပ်ငန်းတွင်အသုံးပြုရန်လူဦးရေစာရင်းကောက်ယူခြင်းအတွက် ဆွေးနွေးပွဲပြုလုပ်ခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီတွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် အိမ်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦး စီးဌာန မြို့နယ်အုပ်ချုပ် ရေးမှူးဦး လှမင်းသူနှင့် မြို့နယ်ဆရာဝန်ကြီးဒေါက်တာမျိုးကျော်အောင်တို့က ကိုဗစ်(၁၉) ကာကွယ်ဆေး ထိုးနှံမည့်အကြောင်း၊ စာရင်းကောက်ယူမည့်ပုံစံတို့ကို  အသီးသီး ပြောကြားခဲ့ ကြောင်း သိရသည်။ ဆက်လက်ပြီး တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲ များနှင့် ကိုဗစ်(၁၉)ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီများက  သိရှိလိုသည် များကိုမေးမြန်း ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

အဆိုပါလူဦးရေစာရင်းများ ကောက်ယူမည့်ပုံစံများကို ဖြည့်စွက်ပြီး (Hard Copy. Soft Copy)ပြုလုပ်၍ မြို့နယ်ကိုဗစ်(၁၉) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံသို့ ယနေ့တွင်ပေးအပ်ရမည်ဖြစ်ကြောင်းသိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)