ဇေယျာသီရိ ဇန်နဝါရီ ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ၏ ထပ်တိုးတင်ပြ ထားသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၅ နာရီက ဇေယျာသီရိမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဇေယျာသီရီမြို့နယ် အုပ်ချုပ်ရေးမှူးဦးကျော်စိုးထင်က ထောက်ပံ့ငွေပေးအပ်ရသည့် ရည်ရွယ်ချက်များ၊ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် နှောင့်နှေးကြန့် ကြာမှုမရှိဘဲ အခြေခံလူတန်းစာများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် သွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များ၏ ထပ်တိုး တင်ပြထားသည့်အိမ်ထောင်စု ၄၁၂၆ စုအတွက် တစ်အိမ်ထောင်စုလျှင် ထောက်ပံ့ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၈၂၅၂၀၀၀၀ ကိုသက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ သည်။
အဆိုပါ အခြေခံလူတန်းစား အိမ်ထောင်စုများလက်ဝယ်အရောက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြီးကြပ်၍ သက်ဆိုင်ရာရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူတို့က ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းမှ စတင်ကာ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အေးလင်းထွန်း (ဇေယျာသီရိပြန်/ဆက်)