ဟုမ္မလင်း ဇန်နဝါရီ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ယမန်နေ့ နံနက်(၉) နာရီခွဲက မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းမင်းထွန်းသည် တပ်ဖွဲ့ဝင်များ နှင့်အတူ မြို့မစျေးနှင့် ချင်းတွင်းမြင့် စက်သုံးဆီရောင်းဝယ်ရေးဆိုင်အား မီးဘေးလုံခြုံရေးနှင့် မီးဘေး ကြိုတင်ကာကွယ်ရေးအတွက် စက်သုံးဆီဆိုင်များအား မီးဘေးလုံခြုံရေးအတွက် သွားရောက် စစ် ဆေးခဲ့ကြကြောင်း သိရသည်။
လင်းလင်း(ပြန်/ဆက်)