တာလေ ဇန်နဝါရီ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ အမှတ်(၄)ရပ်ကွက်၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးအသစ် ပြန်လည် ရွေးချယ်နိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းက ရပ်ကွက်ဘုန်းကြီးကျောင်းတွင် ကြီးကြပ်ရေးအဖွဲ့ (၅)ဦး ရွေးချယ်ပွဲကို ဆက်လက် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကိုက ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်းဆိုင်ရာ ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ ၊ နည်းဥပဒေများနှင့် အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်းဆိုင်ရာ ဆောင်ရွက်ပုံ အဆင့်ဆင့်ကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက် ကြပြီး ရပ်ကွက်နေပြည်သူများ၏ အဆိုပြုရွေးချယ်မှုအရ ကြီးကြပ်ရေးအဖွဲ့(၅)ဦးကို ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း များနှင့်အညီ စနစ်တကျရွေးချယ် ပေးခဲ့ကြသည်။
အဆိုပါ ကြီးကြပ်ရေးအဖွဲ့ဝင်(၅)ဦး ရွေးချယ်ခြင်းကို မြို့အဆင့်ကော်မတီဥက္ကဋ္ဌအဖြစ် မြို့အုပ်ချုပ်ရေးမှူးက ဦးဆောင် ကြီးကြပ်ကာ ဌာနဆိုင်ရာ အကူအညီပေးရေးအဖွဲ့ဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်ကျော်မိုး (ပြန်/ဆက်)