သတင်းများ

ပန်ဆိုင်း(ကြူကုတ်)မြို့၌ ဒုတိယအကြိမ် ပြင်ဆင်သည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး နည်းဥပဒေအား အသိပညာပေးရှင်းလင်း
Jan 26,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မူဆယ်ခရိုင် ၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ ဒုတိယအကြိမ် ပြင်ဆင်သည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး နည်းဥပဒေအား အသိပညာပေး ရှင်းလင်းခြင်းကို ယနေ့၊ နံနက်(၉)နာရီအချိန်ခန့်က မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ ပြုလုပ်သည်။
ပိုင်ကျုံမြို့၌ အ.ထ.က (ခွဲ) လော်ကော်ကျောင်းတွင် ၀န်ထမ်းအိမ်ရာဆောက်လုပ်
Jan 26,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ အ.ထ.က(ခွဲ) လော်ကော်ကျောင်းတွင် ပညာရေး ၀န်ကြီးဌာနမှ ခွင့်ပြုရန်ပုံငွေ ကျပ်(၂၇၉) သိန်းကျော်ဖြင့် ဆရာ/မများနှင့် ကျောင်းသား/သူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရန်အတွက် ၀န်ထမ်းအိမ်ရာကို ဇန်နဝါရီလ (၂)ရက်နေ့ က စတင်ဆောက်လုပ်ခဲ့ကြောင်း သိရသည်။
မိုင်းခတ်မြို့၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းသုံးသပ် ဆွေးနွေးပွဲကျင်းပ
Jan 26,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်း သုံးသပ်ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများပေးအပ်
Jan 26,2021
သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို နိုင်ငံတော်မှ ပေးအပ်လျက်ရှိရာ ရန်ကုန် တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်းရှိ သက်ကြီး ဘိုးဘွားများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှု ဝန်ထမ်းဦးစီးဌာန၊ မြို့နယ်နေ့ ကလေးထိန်း ကျောင်းအုပ် ကြီးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများမှ ယမန်နေ့က အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ လိုက်လံပေးအပ်ခဲ့ ကြောင်း သိရသည်။
တနိုင်းမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမည့်အစီအစဉ်အရ လူဦးရေစာရင်း ကောက်ယူနိုင်ရေး ညှိနှိုင်း အစည်းအဝေး ကျင်းပ
Jan 26,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြု့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်အရ လူဦးရေစာရင်း ကောက်ယူနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များကို ဈေးကားများဖြင့် (၁၂)ကြိမ်မြောက် လာရောက်ရောင်းချ
Jan 26,2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်၊ ပြည်သူ များ မိမိတို့နေအိမ် များနှင့် ဝေးကွာသော နေရာများတွင် သွားရောက်ဝယ်ယူခြင်း မပြုနိုင်စေရန်နှင့် ရပ်ကွက်အတွင်း၌သာ ဝယ်ယူနိုင်စေရန် ရည်ရွယ်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပြည်ထောင်စု မြန်မာနိုင်ငံကုန်သည်များ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်းများမှ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်း ခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ် (စ) ရပ်ကွက်၊ သန္တာ(၄)လမ်းနှင့် (ဇ)ရပ်ကွက်ဣန္ဒာ (၄)လမ်းတွင် ယနေ့ နံနက် (၇) နာရီမှ (၉)နာရီထိ ဈေးကားများဖြင့် အသား၊ ငါးများ၊ ဟင်းသီး ဟင်းရွက် များ၊ ဆီ၊ ကြက်ဥနှင့် အခြား မီးဖိုချောင်သုံး ပစ္စည်းများကို Mobile Market စျေးရောင်းကား (၉)စီး ဖြင့်လည့်လည် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အင်းစိန်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသူ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်
Jan 26,2021
ရန်ကုန်တိုင်ဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် မကူးစက်နိုင် သော ရောဂါများ မဖြစ်ပွားစေရန် ရည်ရွယ်၍ မြန်မာ့စီးပွားရေးဘဏ် တွင် ပင်စင်လာရောက် ထုတ်ယူသူ သက်ကြီး ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေး ခြင်းကို ယနေ့ နံနက်(၉)နာရီက မြန်မာ့စီးပွားရေးဘဏ် (အင်းစိန်)တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖား​ဆောင်းမြို့နယ်အတွင်းရှိ အသက်(၁၀၀)နှစ်နှင့် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှု​ရေးပင်စင် အိမ်တိုင်ရာ​ရောက် ​ထောက်ပံ့​ပေးအပ်
Jan 26,2021
ကယားပြည်နယ်၊ ​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်အတွင်းရှိ အသက်(၁၀၀)နှစ်နှင့် အသက်(၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာ​ရေးနှစ် ပထမ(၃) လပတ်အတွက် လူမှုရေးပင်စင်​များ ​ထောက်ပံ့​ပေးအပ်ခြင်းကို ယမန်​နေ့ ည​နေ(၄)နာရီအချိန်က မြို့နယ်အုပ်ချုပ်​ရေးမှူး ဦး​အောင်မြတ်မိုး၊ မြို့နယ်လူမှုဝန်ထမ်းဦးစီး ဌာန မြို့နယ်ဦးစီးမှူး ​ဒေါ်ဝင်းဗိုလ်နှင့် ရပ်ကွက်/​ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့က အိမ်တိုင်ရာ​ရောက် လိုက်လံ​ထောက်ပံ့​ပေးအပ်ခဲ့​ကြောင်း သိရသည်။