ချောင်းဆုံ ဇန်နဝါရီ ၂၇
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် ကလေးသူငယ် အခွင့်အရေးဆိုင်ရာနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ရည်ရွယ်ပြီး ယနေ့နံနက် ၁၀ နာရီခွဲက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Center) ခန်းမတွင် ကလေးသူငယ်အခွင့်အရေးနှင့် ကလေးများပါဝင် ဆောင်ရွက်ခြင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ချောင်းဆုံမြို့နယ် ရွှေကျွန်းသာလူမှုကွန်ရက်အဖွဲ့မှ စီမံကိန်းတာဝန်ခံ ဦးသန့်စင်ဝင်းနှင့် (ပြန်/ဆက်) ဦးစီးမှူး ဒေါ်မိသူဇာတို့က ရွှေကျွန်းသာလူမှုကွန်ရက်အဖွဲ့မှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ ကလေး သူငယ်ဆိုတာ ဘာလဲ၊ ကလေးသူငယ်အခွင့်အရေးနှင့်ပတ်သက်ပြီးဆောင်ရွက်နေသည့်အခြအနေ၊ ကလေး သူငယ် အခွင့်အရေးနှင့်ပတ်သက်ပြီး ကလေးများပါဝင် ဆောင်ရွက်နေမှုအခြေအနေ၊ ဌာနဆိုင်ရာ လူမှုရေး အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေနှင့် ရရှိသည့် အကျိုးကျေးဇူးများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)