ချင်းရွှေဟော်မှ နေရပ်ပြန်ပြည်သူ(၂၇)ဦးအား သက်ဆိုင်ရာဒေသများသို့ ထပ်မံလွှဲပြောင်းပို့ဆောင်

ချင်းရွှေဟော် ဇန်နဝါရီ   ၂၇

ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသော တရုတ်နိုင်ငံမှပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန် ပြည်သူ(၂၇)ဦးအား ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ က္ကဋ္ဌ ဦးသက်ဦးပိုင်နှင့် ကော်မတီ အဖွဲ့ဝင်များက ၎င်းတို့၏သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် ယနေ့နံနက်(၁၁)နာရီအချိန်က လားရှိုးမြို့သို့ ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ(၂၇)ဦးမှာ အမျိုးသား(၁၃)ဦး၊ အမျိုးသမီး(၁၄)ဦးတို့ဖြစ်ကြပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှ()ဦး၊ ဒေါပုံမြို့နယ်မှ()ဦး၊ မြောက်ဒဂုံမြို့နယ်မှ()ဦး၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ်မှ ()ဦး၊  ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်မှ()ဦး၊ သဲကုန်းမြို့နယ်မှ()ဦး၊ လက်ပံတန်းမြို့နယ်မှ()ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်မှ()ဦး၊ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်မှ()ဦး၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်မှ()ဦး၊ ဆီဆိုင်မြို့နယ်မှ()ဦး၊ သီပေါမြို့နယ်မှ()ဦး၊ ကျောက်မဲမြို့နယ်မှ()ဦး၊ မိုင်းငေါ့မြို့နယ်မှ()ဦးနှင့် နမ္မတူမြို့နယ်မှ ()ဦးတို့ ဖြစ်သည်။

၎င်းနေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့၊ အမှတ်()ရပ်ကွက်ရှိ မြို့တော်ခန်းမ၊ အသွားအလာကန့်သတ်စောင့်ကြည့် ရေ:စခန်းတွင်ထားရှိပြီး ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနက ပထမအကြိမ် Rapid Test Kit စနစ်ဖြင့် စစ်ဆေးခြင်းနှင့် ဒုတိယအကြိမ်အဖြစ် ၎င်းတို့၏ဓါတ်ခွဲနမူနာ Swab များအား ထပ်မံရယူ၍ မူဆယ်မြို့၊ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှု ဆိုင်ရာဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ နှစ်ကြိမ်ဆက်တိုက် ကိုဗစ်-၁၉ ရောဂါ ပိုးမတွေ့ရှိရကြောင်း သိရ၍ ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ သက်ဆိုင်ရာဒေသများသို့ ရောက်ရှိနိုင်ရေးအတွက် စနစ်တကျစီစဉ် လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)