သတင်းများ

ကိုကိုးကျွန်းမြို့နယ်တွင် သက်ကြီးဘိုးဘွားများအား လစဉ်ပုံမှန်ကျန်းမာရေး စောင့်ရှောက်မှုပေးနေ
Jan 30,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင် ကိုကိုးကျွန်းမြို့နယ်တွင် ကျန်းမာရေး နှင့်အားကစားဝန်ကြီး ဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကိုကိုးကျွန်းမြို့နယ်ရှိ သက်ကြီး ဘိုးဘွားများကိုလစဉ်ပုံမှန် ကျန်းမာရေး စောင့်ရှောက် ပေးလျှက်ရှိရာ ယမန်နေ့နံနက်တွင် မြို့နယ်ဆရာ၀န်ကြီး ဒေါက်တာသန့်ဇင်ဉီးဆောင်၍ မြို့နယ်ဆေးရုံ တွင်လိုအပ် သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
မိုင်းဆတ်မြို့၌ ခွဲစိတ်ခန်းပါ(၂)ထပ်လူနာဆောင်ဆောက်လုပ်ရန်ပန္နက်တင် မင်္ဂလာအခမ်း အနားကျင်းပ
Jan 30,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ခွဲစိတ်ခန်းပါ(၂)ထပ် လူနာဆောင်ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်(၈)နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံဝင်း၌ ကျင်းပသည်။
သုံးခွမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲ အခမ်းအနား ကျင်းပ
Jan 30,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ (၂၀၁၄-၂၀၁၅)မှ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်ထိ ဆောင်ရွက်ခဲ့သော မြစိမ်းရောင်ကျေးရွာ စီမံကိန်း သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ်တွင် သဘာဝငါးသယံဇာတများကို ထိခိုက်စေနိုင်သော ဒေသရင်းမဟုတ်သည့် ငါးမျိုးများမွေးမြူခြင်းဆိုင်ရာ သတိပေးတားမြစ်ချက် ပိုစတာ စိုက်ထူခြင်း ဆောင်ရွက်
Jan 30,2021
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သဘာဝငါးသယံဇာတများကို ထိခိုက်စေနိုင်သော ဒေသရင်းမဟုတ်သည့် ငါးမျိုးများ မွေးမြူခြင်း မပြုရန်အတွက် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ရည်ရွယ်၍ သဘာဝငါးသယံဇာတများကို ထိခိုက်စေနိုင်သော ဒေသရင်းမဟုတ်သည့် ငါးမျိုးများ မွေးမြူခြင်းဆိုင်ရာ သတိပေးတားမြစ်ချက် ပိုစတာစိုက်ထူခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက အမှတ် ၁၁ရပ်ကွက် မင်းရဲကျော်စွာလမ်းနှင့် မာဃလမ်းထိပ် ငါးလုပ်ငန်းဦးစီးဌာနရုံးအနီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် Mobile Market စျေးရောင်းယာဉ်များဖြင့် မီးဖိုချောင်သုံး စားသောက်ကုန်များ ရောင်းချ
Jan 30,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့ ကြီးမှူး၍ သန့်ရှင်း လတ်ဆတ်သော သား၊ ငါး၊ ဟင်းသီးဟင်းရွက် စားသောက်ကုန်များ အား သင့်တင့်​သော စျေးနှုန်းဖြင့် ပြည်သူများ အလွယ်တကူ ဝယ်ယူရရှိနိုင်ရန်အတွက် ယမန်နေ့ နံနက်ပိုင်းက ရပ်ကွက်များအတွင်းသို့ ကားများဖြင့် လှည့်လည် ရောင်းချပေးခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ မွေးမြူရေးဆိုင်ရာအသိပညာပေးသင်တန်းဖွင့်လှစ်
Jan 30,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ မွေးမြူရေးဆိုင်ရာအသိပညာပေးသင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီက ကျဒယ်ရပ်ကွက် စာကြည့်တိုက်တွင်ကျင်းပခဲ့ကြောင်းသိရသည်။
တမူးခရိုင်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား စတုတ္ထအကြိမ်(ထပ်တိုး) ထောက်ပံ့ငွေများပေးအပ်
Jan 30,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား နိုင်ငံတော်အစိုးရမှ အိမ်ထောင်စု တစ်စုလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် စတုတ္ထအကြိမ် (ထပ်တိုး) ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်မှစ၍ ထောက်ပံ့ပေးအပ် လျက်ရှိကြောင်း သိရသည်။