ကိုကိုးကျွန်းမြို့နယ်တွင် သက်ကြီးဘိုးဘွားများအား လစဉ်ပုံမှန်ကျန်းမာရေး စောင့်ရှောက်မှုပေးနေ

ကိုကိုးကျွန်း   ဇန်နဝါရီ         ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင် ကိုကိုးကျွန်းမြို့နယ်တွင် ကျန်းမာရေး နှင့်အားကစားဝန်ကြီး ဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကိုကိုးကျွန်းမြို့နယ်ရှိ သက်ကြီး ဘိုးဘွားများကိုလစဉ်ပုံမှန် ကျန်းမာရေး စောင့်ရှောက် ပေးလျှက်ရှိရာ ယမန်နေ့နံနက်တွင် မြို့နယ်ဆရာ၀န်ကြီး ဒေါက်တာသန့်ဇင်ဉီးဆောင်၍   မြို့နယ်ဆေးရုံ  တွင်လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

ထို့သို့ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် အထွေထွေရောဂါသွေးတိုးနှလုံး ဆီးချို၊ သွေးချို ရောဂါနှင့် အခြားဖြစ် တတ်သည့်ရောဂါများကိုပါ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန့်ဇင်နှင့် သူနာပြုဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများက  စမ်းသပ်ဆောင်ရွက် ပေးခဲ့ပြီး လိုအပ်သည့် အားဆေးနှင့် အခြားဆေးဝါး တစ်လစာကိုပေးအပ်ခဲ့ကြောင်း သိရသည်၊၊

ဆေးကုသမှုခံယူသောသက်ကြီးဘိုးဘွား၄၀ယောက်ရှိကြောင်းနှင့်ကျန်းမာရေးဝန်ထမ်းများက  သက်ကြီးဘိုးဘွားများကို အိမ်တိုင်ရာရောက် ဆေးရုံကားဖြင့်ခေါ်ဆောင်၍ ကျန်းမာရေး စောင့်ရှောက်မှုများပေးပြီး အိမ်တိုင်ရာရောက် ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်၊၊   

ကိုကိုးကျွန်း(ပြန်/ဆက်)