သတင်းများ

ကော့ကရိတ်ခရိုင်၌ အစိုးရစက်မှုလက်မှုသိပ္ပံစာသင်ကျောင်းနှင့် ဝန်ထမ်းအိမ်ယာဆောက်လုပ်ရန် ပန္နက်တင် မင်္ဂလာ အခမ်းအနားပြုလုပ်
Jan 29,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၌ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် အစိုးရစက်မှု လက်မှုသိပ္ပံ၊ RCC(၃)ထပ် စာသင်ဆောင်နှင့် ဝန်ထမ်းအိမ်ယာ(၄)ခန်းတွဲအဆောက်အအုံသစ် ဆောက်လုပ်ရန် ပန္နက်တင် မင်္ဂလာအခမ်းကို တံတန်ကူးကျေးရွာတွင် ယမန်နေ့ နံနက်(၁၀)နာရီ တွင် ပြုလုပ်ခဲ့သည်။
ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(နောက်တိုး)များအား ပထမအကြိမ် ထောက်ပံ့ငွေများပေးအပ်
Jan 29,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် ကတ်တောင်ကျေးရွာအုပ်စုရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (နောက်တိုး)များသို့ တာဝန်ရှိသူများမှ ပထမအကြိမ် ထောက်ပံ့ငွေများကို ယမန်နေ့ နံနက်ပိုင်းက အိမ်တိုင်ရာရောက် ပေးအပ် သည်။
ခရမ်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံပြည်သူများအား နိုင်ငံတော်အစိုးရမှ ထပ်တိုးထောက်ပံ့သည့် ထောက်ပံ့ငွေများပေးအပ်
Jan 29,2021
ရန်ကုန်‌တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ ကိုဗစ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ ပြည်သူများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ထပ်တိုးထောက်ပံ့သည့် ထောက်ပံ့ငွေများ ပေးအပ် ခြင်းကို ယမန်နေ့ ညနေပိုင်းက မြိုနယ်ဌာနဆိုင်ရာများ ကြီးကြပ်၍ ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများသို့ ထုတ်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ဘောဂလိမြို့၊ မဲတင်းတိမ်ကျေးရွာအုပ်စု တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေများ ပေးအပ်
Jan 29,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ မဲတင်းတိမ်ကျေးရွာအုပ်စုအတွင်း ကိုယ်ဝန်ဆောင် မိခင်နှင့် အသက်(၂)နှစ်အောက်ကလေးငယ်များ၊ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေး ပင်စင် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်း က ‌ဆောင်ရွက်ပြီးစီးကြောင်း သိရှိရသည်။
ပေါင်းတည်မြို့နယ်တွင် Mask Campaign ပြုလုပ်
Jan 29,2021
ပေါင်းတည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့မှုလျော့ကျစေရေးအတွက် Mask Campaign ကို ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က မင်းကွက်-၁ ရပ်ကွက်၊ တာပွန်လမ်းတွင် ဆောင်ရွက်ခဲ့သည်။
ဟိုပန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး COVISHIELD စတင်ထိုးနှံ
Jan 29,2021
‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး COVISHIELD ကို ယမန်နေ့ မွန်းတည့် (၁၂)နာရီအချိန်က ဟိုပန်မြို့နယ် ပြည်သူ့ဆေးရုံ၌ ကျန်းမာရေးဝန်ထမ်းများအား (ပထမ)အကြိမ်စတင်ထိုးနှံပေးခဲ့သည်။
ထန်းတပင်မြို့နယ်၌ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရေး ကြီးကြပ်ရေးအဖွဲ့ (၅)ဦး ရွေးချယ် ဖွဲ့စည်း
Jan 29,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ် တင်မြှောက် နိုင်ရေးအတွက် ယနေ့ နံနက် ၉ နာရီက အုန်းပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံနှင့် ရေကာကျေးရွာ ဘုရားဝန်းအတွင်းတွင် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ် ဖွဲ့စည်းခဲ့သည်။
လယ်ဝေးမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာအုပ်စုများအလိုက် ကြီးကြပ်ရေးအဖွဲ့များဖွဲ့စည်း
Jan 29,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် ကြီးကြပ်ရေး အဖွဲ့များ ဖွဲ့စည်းခြင်းကို‌ ဆောင်ရွက်လျှက်ရှိရာ ယနေ့ နံနက်(၁၀) နာရီက လယ်ဝေးမြို့နယ် သစ်ဆိမ့်ပင်ကျေးရွာအုပ်စု ကြီးကြပ်ရေးအဖွဲ့ကို အဆိုပါအုပ်စု ကျေးရွာများ၌ ရွေးချယ် သတ်မှတ်ကြသည်။