သုံးခွ ဇန်နဝါရီ ၃၀
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သဘာဝငါးသယံဇာတများကို ထိခိုက်စေနိုင်သော ဒေသရင်းမဟုတ်သည့် ငါးမျိုးများ မွေးမြူခြင်း မပြုရန်အတွက် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ရည်ရွယ်၍ သဘာဝငါးသယံဇာတများကို ထိခိုက်စေနိုင်သော ဒေသရင်းမဟုတ်သည့် ငါးမျိုးများ မွေးမြူခြင်းဆိုင်ရာ သတိပေးတားမြစ်ချက် ပိုစတာစိုက်ထူခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက အမှတ် ၁၁ရပ်ကွက် မင်းရဲကျော်စွာလမ်းနှင့် မာဃလမ်းထိပ် ငါးလုပ်ငန်းဦးစီးဌာနရုံးအနီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် သုံးခွမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးတင့်နှင့် ဝန်ထမ်းများက သဘာဝ ငါးသယံဇာတများကို ထိခိုက်စေနိုင်သော ဒေသရင်း မဟုတ်သည့် ငါးအမျိုးအစားတွင် အာဖရိက ငါးခူ၊ ပြည်ပ ငါရံ့၊ ပြည်ပမျိုးစိတ် အလှမွေးငါး (ပီးကော့)နှင့်စုပ်ခွက်ငါး စသည့် ငါးအမျိုးအစား(၄)မျိုးကို မွေးမြူခြင်းဆိုင်ရာ သတိပေးတားမြစ် နှိုးဆော်ချက် ပိုစတာများအား ပြည်သူများ သိရှိနိုင်စေရေးဆောင်ရွက်ခဲ့ကြပါသည်။
သုံးခွမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သဘာဝ ငါးသယံဇာတများကို ထိခိုက်စေနိုင်သော ဒေသရင်းမဟုတ်သည့် ငါးမျိုးများ မွေးမြူခြင်းဆိုင်ရာ သတိပေးတားမြစ်ချက်ပိုစတာစိုက်ထူခြင်းကို မြို့ပေါ်များအပြင် ကျေးရွာများအထိ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။
စည်သူလင်း ၊ ပြန်/ဆက်