မိုင်းဆတ်မြို့၌ ခွဲစိတ်ခန်းပါ(၂)ထပ်လူနာဆောင်ဆောက်လုပ်ရန်ပန္နက်တင် မင်္ဂလာအခမ်း အနားကျင်းပ

မိုင်းဆတ်  ဇန်နဝါရီ  ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ခွဲစိတ်ခန်းပါ(၂)ထပ် လူနာဆောင်ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်(၈)နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံဝင်း၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေး၊ မြို့နယ်ဆရာဝန်ကြီးဒေါက်တာအောင်ဇေယျ၊ သွားနှင့်ခံတွင်းအထူး ကုဆရာဝန် ‌ဒေါက်တာသန်းဝင်းနှင့် တာဝန်ရှိသူတို့က သတ်မှတ်နေရာအသီးသီး၌ ပန္နက်ငုတ်များရိုက်ခဲ့ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြသည်။

အဆိုပါ ထပ်တိုးလူနာဆောင်အား ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်နှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်(၂)နှစ်ဖြင့် ရန်ပုံငွေခွင့်ပြု ပေးသွားမည်ဖြစ်ကြောင်းနှင့် ယခု၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် (၁၀၀ ဒဿမ ၅၈၂)သန်းဖြင့် အလျား (၁၁၇)ပေ၊ အနံ(၆၈)ပေ၊ အမြင့်(၂၇)ပေ RC (၂)ထပ် ခွဲစိတ်ခန်းပါ ထပ်တိုးလူနာဆောင်  အဆောက်အဦအား တင်ဒါအောင်မြင်သည့် တော်ဝင်တန့်ဆိုင်ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူတည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)