ရှမ်းရွာသစ်မြို့မဲလရောကျေးရွာအုပ်စုတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်

ရှမ်းရွာသစ်    ဇန်နဝါရီ   ၃၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ၊ ပထမသုံးလပတ်အတွက် ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးငယ်များ ထောက် ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့က မဲလရောကျေးရွာအုပ်စုတွင် တာဝန်ရှိသူတို့က လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါထောက်ပံ့ငွေများပေးအပ်ခြင်းလုပ်ငန်းတွင် ကျေးရွာအုပ်စုစာရေးနှင့် အုပ်ချုပ်ရေးမှူးတို့က  မဲလရောကျေးရွာ အုပ်စုရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ် စုစုပေါင်း(၂၃၄)ဦး တို့အတွက် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ) ပထမသုံးလပတ်အတွက် စုစုပေါင်းထောက်ပံ့ ငွေကျပ် (၁၀၀၃၅၀၀၀/-)ကိုလက်ဝယ်ရောက် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။      

ဇင်လေး(ပြန်/ဆက်)