လယ်ဝေးမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာအုပ်စုများအလိုက် ကြီးကြပ်ရေးအဖွဲ့များဖွဲ့စည်း

 

လယ်ဝေး      ဇန်နဝါရီ  ၂၉

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေးအတွက်  ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် ကြီးကြပ်ရေး အဖွဲ့များ ဖွဲ့စည်းခြင်းကို‌ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၁၀) နာရီက လယ်ဝေးမြို့နယ် သစ်ဆိမ့်ပင်ကျေးရွာအုပ်စု ကြီးကြပ်ရေးအဖွဲ့ကို အဆိုပါအုပ်စု ကျေးရွာများ၌ ရွေးချယ် သတ်မှတ်ကြသည်။

ထိုသို့ရွေးချယ်သတ်မှတ်ရာတွင် မြို့နယ်စည်ပင်သာယာရေးရုံး၊အုပ်ချုပ်ရေးမှူး ဦးမျိုး မြင့်သူ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးစိုင်းအောင်ကျော်သိန်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောဝင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးရုံအုပ် ဒေါက်တာနန္ဒာကျော်နှင့် အခွန်ဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်သောင်းထွေးတို့က ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကိုပြော ကြားပြီး ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် အရေးပါသည့် ကြီးကြပ်ရေးအဖွဲ့ဝင်များအား ကျေးလက်နေ ပြည်သူများက ရွေးချယ်ကြသည်။

လယ်ဝေးမြို့နယ်အတွင်း ရပ်ကွက်(၇)ရပ်ကွက်၊ ကျေးရွာအုပ်စု(၆၀)အုပ်စုရှိရာ ရပ် ကွက်/ကျေးရွာအုပ်စု တစ်ခုချင်းစီအလိုက် ကြီးကြပ်ရေးအဖွဲ့ဝင်(၅)ဦးကို ရွေးချယ်ဖွဲ့စည်း သွားမည် ဖြစ်သည်။ ထိုအဖွဲ့ဝင်များအား ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများရွေး ချယ်ရာတွင် လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်းစည်းကမ်းများ၊ သတ်မှတ်ချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူ များက သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေဇော်ချစ်(ပြန်/ဆက်)