ထန်းတပင်မြို့နယ်၌ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရေး ကြီးကြပ်ရေးအဖွဲ့ (၅)ဦး ရွေးချယ် ဖွဲ့စည်း

ထန်းတပင် (ပဲခူး) ဇန်နဝါရီ ၂၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ် တင်မြှောက် နိုင်ရေးအတွက် ယနေ့ နံနက် ၉ နာရီက အုန်းပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံနှင့် ရေကာကျေးရွာ ဘုရားဝန်းအတွင်းတွင် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ဖွဲ့စည်းခဲ့သည်။

အဆိုပါ ရွေးချယ်ခြင်းတွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ သက်တမ်းသည် ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ပြီး ဆယ်အိမ်မှူး၊ ရာအိမ်မှူး နယ်မြေတာဝန်ခံနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အသစ် ရွေးချယ်တင်မြောက်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ဖွဲ့စည်းခြင်းဖြစ်ပြီး ကြီးကြပ်ရေးအဖွဲ့ ရွေးချယ် ဖွဲ့စည်းခြင်း လုပ်ငန်းတာဝန်များ ရေွးချယ်ပုံအဆင့်ဆင့်အား ရှင်းလင်းပြောကြား၍ တက်ရောက်လာသော ပြည်သူ များ၏ ဆန္ဒသဘောတူ ရွေးချယ်မှုအရ ကြီးကြပ်ရေးအဖွဲ့ (၅) ဦးအား စနစ်တကျ ဖွဲ့စည်းတင်မြှောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)