ကော့ကရိတ်ခရိုင်၌ အစိုးရစက်မှုလက်မှုသိပ္ပံစာသင်ကျောင်းနှင့် ဝန်ထမ်းအိမ်ယာဆောက်လုပ်ရန် ပန္နက်တင် မင်္ဂလာ အခမ်းအနားပြုလုပ်

ကော့ကရိတ် ဇန်နဝါရီ  ၂၉

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၌  ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် အစိုးရစက်မှု လက်မှုသိပ္ပံ၊ RCC(၃)ထပ် စာသင်ဆောင်နှင့် ဝန်ထမ်းအိမ်ယာ(၄)ခန်းတွဲအဆောက်အအုံသစ် ဆောက်လုပ်ရန် ပန္နက်တင် မင်္ဂလာအခမ်းကို တံတန်ကူးကျေးရွာတွင် ယမန်နေ့ နံနက်(၁၀)နာရီ တွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်အစိုးရစက်မှုလက်မှုသိပ္ပံ၏ ဝန်ထမ်းအိမ်ယာ(၄)ခန်းတွဲ အဆောက်အအုံသစ် ဆောက်လုပ်ခြင်းနှင့် ပတ်သက် ၍ ကောင်းမြတ်အောင်ကျော်ကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာ ဦးအောင်စိန်က ရှင်းလင်းပြောကြား ခဲ့သည်။

 အစိုးရစက်မှုလက်မှုသိပ္ပံ(၃)ထပ်စာသင်ဆောင်နှင့် ဝန်ထမ်းအိမ်ယာ(၄)ခန်းတွဲအဆောက်အအုံသစ် (၂)လုံး ဆောက်လုပ်ရန် ပန္နက်တင် အခမ်းအနားသို့ ကရင်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဌ ဒေါ်နန်းသူဇာဝင်း၊ လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး ဦးမင်းကိုခိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေထွန်းအောင်၊ အစိုးရနည်းပညာအထက်တန်းကျောင်းအုပ် ဒေါက်တာချိုယုမွန်၊ မြို့နယ်စည်ပင်သာယာရေး ဥက္ကဋ္ဌ ဦးဉာဏ်စိန် တို့မှ ပန္နက်ရိုက်ခြင်းနှင့် အမွှေးနံသာရေပက်ဖြန်းခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြပါသည်။

အစိုးရစက်မှုလက်မှုသိပ္ပံကို  KYAW MAW GROUP Construction Co;Ltd မှ  ၇၁၅.၀၈၁ ကျပ်သန်းဖြင့် (၁၉၂ပေ × ၃၈ပေ × ၃၈ပေ × ၆လက်မ ) RCC (၃)ထပ် စာသင်ဆောင် ခြံစည်းရိုးကာရံခြင်းလုပ်ငန်း(Chain Link 4000’) ကို Spectrum United Co;Ltd မှ အောက်ခြေ၁၈လက်မအမြင့်အုတ်ခုံတုံးအပါအဝင် ၇၉.၂၀၀ ကျပ်သန်း နှင့် ဝန်ထမ်းအိမ်ယာ(၄)ခန်းတွဲ အဆောက်အအုံသစ်ကို ကောင်းမြတ်အောင်ကျော် ကုမ္ပဏီမှ  ၆၃၀.၉၀၇ ကျပ်သန်း ဖြင့် (၇၈ × ၉၄ )ပေ  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောက်လုပ်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)