ပေါင်းတည် ဇန်နဝါရီ ၂၉
ပေါင်းတည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့မှုလျော့ကျစေရေးအတွက် Mask Campaign ကို ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က မင်းကွက်-၁ ရပ်ကွက်၊ တာပွန်လမ်းတွင် ဆောင်ရွက်ခဲ့သည်။
Mask Campaign ပြုလုပ်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန် ရေး ကော်မတီဝင်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ နှာခေါင်းစည်း mask များ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ချစ်နှင်းသုန်(ပြန်/ဆက်)