ဟိုပန် ဇန်နဝါရီ ၂၉
‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး COVISHIELD ကို ယမန်နေ့ မွန်းတည့် (၁၂)နာရီအချိန်က ဟိုပန်မြို့နယ် ပြည်သူ့ဆေးရုံ၌ ကျန်းမာရေးဝန်ထမ်းများအား (ပထမ)အကြိမ်စတင်ထိုးနှံပေးခဲ့သည်။
ဟိုပန်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD ကို ဇန်နဝါရီလ(၂၈)ရက်နေ့တွင် ကျန်းမာရေးဝန်ထမ်း (၅၀)ဦးနှင့် (၂၉) ရက်နေ့တွင် ကျန်းမာရေးဝန်ထမ်း(၄၀)ဦးတို့ကို (၂)သုတ်ခွဲ၍ ထိုးနှံပေးခဲ့ပြီး ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းကို ပထမ အကြိမ်ကာကွယ်ဆေး ထိုးနှံပြီးနောက် (၄)ပတ်အကြာတွင် ပြန်လည်ထိုးနှံပေးသွားမည် ဖြစ်သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးပြီးနောက် သာမန်ချမ်းစိမ့်ချမ်းစိမ့်ဖြစ်ခြင်းနှင့် အနည်းငယ် ကိုယ်လက်ကိုက်ခဲခြင်း မှလွှဲ၍ ဘေးထွက်ဆိုးကျိုး တစ်စုံတစ်ရာမရှိကြောင်း မြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာအုန်းဝင်းထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)