ဘောဂလိမြို့၊ မဲတင်းတိမ်ကျေးရွာအုပ်စု တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေများ ပေးအပ်

ဘောဂလိ   ဇန်နဝါရီ    ၂၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့   မဲတင်းတိမ်ကျေးရွာအုပ်စုအတွင်း  ကိုယ်ဝန်ဆောင် မိခင်နှင့် အသက်(၂)နှစ်အောက်ကလေးငယ်များ၊ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား  လူမှုရေး ပင်စင်  ထောက်ပံ့ငွေများ   ပေးအပ်ခြင်းကို  ယမန်နေ့ နံနက်ပိုင်း က  ‌ဆောင်ရွက်ပြီးစီးကြောင်း  သိရှိရသည်။

ထိုသို့  ထောက်ပံ့ငွေများပေးအပ်ရာတွင်  ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့်   ကျန်းမာသန်စွမ်းသော  ကလေးငယ်များ  မွေးဖွားစေရန်၊ အဟာရပြည့်ဝသော အစားအစာ များဝယ်ယူ စားသောက်ရန်၊ ကျန်းမာရေးဆိုင်ရာ  လိုအပ်သောအရာများ  ဝယ်ယူနိုင်ရန်၊ ကလေးငယ်များအတွက်  တစ်ကိုယ်ရေ အသုံးအဆောင်  ပစ္စည်းများ  ဝယ်ယူနိုင်ရန်  ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း  သံတောင်ကြီး မြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာန  ဦးစီးအရာရှိ  ဒေါ်ခင်ခင်ထွန်းထံမှ  သိရှိရသည်။

အဆိုပါ  မဲတင်းတိမ်ကျေးရွာအုပ်စုအတွင်း   ကိုယ်ဝန်ဆောင်မိခင်နှင့်  အသက်(၂)နှစ်အောက် ကလေး ငယ် (၄၉)ဦးအတွက်   ထောက်ပံ့ငွေ(၂၁)သိန်းဖြစ်ပြီး၊ အသက်(၈၅)နှစ်အထက်  သက်ကြီး ဘိုးဘွား   (၆)ဦးအတွက်  ထောက်ပံ့ငွေကျပ်(၁၈၀၀၀၀) ဖြစ်ကြောင်းသိရှိရသည်။

ဘောဂလိ(ပြန်/ဆက်)