ခရမ်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံပြည်သူများအား နိုင်ငံတော်အစိုးရမှ ထပ်တိုးထောက်ပံ့သည့် ထောက်ပံ့ငွေများပေးအပ်

ခရမ်း ဇန်နဝါရီ ၂၉

ရန်ကုန်‌တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ ကိုဗစ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံပြည်သူများအား နိုင်ငံတော် အစိုးရမှ ထောက်ပံ့သည့် ထပ်တိုးထောက်ပံ့သည့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ ညနေပိုင်းက မြိုနယ်ဌာနဆိုင်ရာများ ကြီးကြပ်၍ ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများသို့ ထုတ်ဝေ ပေးခဲ့ ကြောင်း သိရှိရသည်။

ခရမ်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် (၁၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅၃)အုပ်စုမှ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံပြည်သူ ထပ်တိုး အိမ်ထောင်စု စုစုပေါင်း (၁၀၄၃) စုအား ထပ်တိုးအဖြစ် တစ်အိမ်ထောင်လျှင်‌ ငွေကျပ် (၄၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၄၁ ၇၂၀ ၀၀၀)ကျပ်အား ခရမ်းမြို့နယ် ဌာနဆိုင်ရာ များမှ ကြီးကြပ်၍ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ ရပ်ကွက် ကျေးရွာ တာဝန်ရှိသူများကယနေ့ နေ့လယ်ပိုင်းက စတင်၍ ကျေရွာများအလိုက် မြို့နယ်ဌာနဆိုင်ရာများက လိုက်လံ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုမင်း (ခရမ်း)