ပုလောမြို့နယ် ကျောက်လုံးကြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရန်အတွက် အဖွဲဝင်(၅)ဦး ပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ရွေးချယ် ဖွဲ့စည်း

ပုလော ဇန်နဝါရီလ   ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့၊ ကျောက်လုံးကြီး ကျေးရွာအုပ်စုတွင် ယနေ့ နံနက် ၉ နာရီက အုပ်ချုပ်ရေးမှူးရွေးချယ်ရန် အတွက် အဖွဲ့ဝင်(၅) ဦးပါဝင်သည့် ကြီးကြပ်ရေး အဖွဲ့ရွေးချယ်ခြင်းကို ယနေ့ ဖွဲစည်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်နိုင်ရေးအတွက် ပုလောမြို့ နယ် ဌာနဆိုင်ရာပူးပေါင်းရေးအဖွဲ့ မှ ယာယီရဲမှူး ခင်မောင်ဆန်း က ရွေးချယ်ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေ နည်းပ‌ဒေများနှင့်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး မှူး  ရွေးချယ်ရန်အတွက် အဖွဲ့ဝင်(၅)ဦးပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ကို သတ်မှတ် စည်းကမ်း ချက်များနှင့်အညီ ရွေးချယ် ဖွဲ့စည်း ပေးခဲ့ကြောင်းသိရသည်။

ပုလောမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုများတွင် အုပ်ချုပ်ရေးမှူးအသစ်များကို ၂၀၂၁ခုနှစ် ၊ ဧပြီလ(၁)ရက်နေ့တွင် စတင်ဝန်ထမ်းဆောင်နိုင်ရေးအတွက် စတင်တာဝန်ထမ်းဆောင် နိုင်ရေး အတွက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ခြင်းလုပ်ငန်းဆောင်ရွက် ရန်ရွေးချယ် ခြင်းလုပ်ငန်း ဆောင်ရွက်ရန် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့မှ ရပ်ကွက်(သို့) ကျေရွာ အုပ်ချုပ်ရေး ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေနှင့်အညီ သတ်မှတ် ကာလအတွင်း အပြီး သတ်မှတ်ကာလအတွင်း အပြီး ရွေးချယ်ဖွဲ့စည်းပေးမည်ဖြစ်ကြောင်းကို တာဝန်ရှိသူများ ထံမှသိရသည်။

အေးအေးမော် (ပုလော ပြန်ဆက်)